Friday, May 31, 2013
FaceBook ပေါ်ကနေ FreeCall ခေါ်မယ်
Facebook အသုံးပြုသူတိုင်းအတွက် FreeCall ခေါ်ဆိုနိုင်တဲ့ Application လေးပါ ..Application လေးရဲ့အမည်ကတော့ SAYTYA Facebook Caller လေးပါ
23
ဒီကောင်လေးကတော့ Android and IOS Device တွေအပါအ၀င် Window OS and MAC OS တွေပေါ်မှာပါတင်ပြီး အသုံးပြုနိုင်ပါတယ်
Phone <=> Phone
Phone <=> PC
PC     <=> PC  ….. ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်
အခြားသော VoIP Application တွေထက်ပိုပြီးသာလွန်ကောင်းမွန်တာကိုခံစားရမှာဖြစ်ပါတယ် ငိငိ :)
Viber တို့ Tango တို့လို့ Code ပြန်မရမှာလဲပူစရာမလိုတော့ဘူးလေနော့
FaceBook Account တခုရှိထားရုံ. ဒီ Application လေးသွင်းထားရုံနဲ့ အချင်းချင်း FreeCall ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်
အသံကြည်လင်ပြတ်သားမူ့လဲကောင်းလှပါတယ် :D
Androidအသုံးပြုသူများအနေနှင့် Play Store မှာ SAYTYA လို့ရိုက်ရှာလိုက်ပါ Free ရယူနိုင်ပါတယ်
For Android => SAYTYA APK
IOS အသုံးပြုသူများအနေနှင့်လဲ Apple Store မှာ Free ရယူနိုင်ပါတယ်
For IOS      => SAYTYA IPA
Window and MAC အတွက်ကတော့ ဒီလင့်ခ်မှာလဲ ဒေါင်းယူနိုင်ပါတယ် => မူရင်းလင့်ခ်
For Window => SAYTYA ExE
SATYA
 ========== Note========= 
Window အတွက် တင်မရဖြစ်နေသူများအတွက်ကတော့ Microsoft .NET Framework 4.5 မရှိသေးရင် ဒီမှာဒေါင်းယူပြီး တင်ထားပေးလိုက်ပါ
 Microsoft .NET Framework 4.5
တဆင့်ချင်းစီပြမယ်နော် တချို့မရသေးသူများအတွက်ပါ
Capture
Install ဆိုတာကိုပဲနှိပ်ပေးလိုက်ပါ ပြီးရင်တော့
Capture.PNG1
ခဏစောင့်ပေးပါ Download လုပ်ယူနေပါလိမ့်မယ် ပြီးသွားရင်တော့ SAYTYA ဆိုတဲ့ ICON လေးပေါ်နေပါလိမ့်မယ်
Capture.PNG2
ှမိမိအသုံးပြုနေသည့် Facebook Account Sing In ၀င်လိုက်ပါ
Capture.PNG4
အဲဒီအတိုင်း Loading တက်နေပါလိမ့်မယ် ခဏစောင့်ပေးပါ ပြီးရင်တော့
SAYTYA ထဲကိုဝင်လိုက်ပါ
Capture.PNG5
မိမိအကောင့်ထဲမှာရှိတဲ့ SAYTYA အသုံးပြုသူများကိုမြင်ရမှာပါ
Chat ဖို့အတွက်ကတော့ ဘယ်ဘက်အောက်ဘားလေးမှာရှိနေတဲ့ Settings ထဲကိုဝင်လိုက်ပါ Go Online In  Chat ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ
Credit To MMAS(Myanmar Mobile Application Store)
ကိုးန၀င်း
ိုကိုးနဝင်းအဓိဌာန်ပုတီးစိတ်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ကိုးန၀င်း (9NaWim) လို့ခေါ်တဲ့ Android ဖုန်း application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကိုးန၀င်းပုတီးစိပ်နည်းနဲ့ပတ်သက်ပြီး မိမိ ဘယ်နေ့မှာ ဘာဂုဏ်တော်ကိုစိပ်ရမယ်ဆိုတာကို ဒီဆော့ဝဲလေးကညွှန်ကြားပေးမှာဖြစ်ပါတယ်။ ကိုးန၀င်းပုတီးစိပ်လက်စ သူတွေအတွက်လည်း ရောက်လက်စ အဆင့် နဲ့ နေ့ကို ဆော့ဝဲထဲမှာထည့်လိုက်တာနဲ့ဘာဆက်စိပ်ရမယ်ဆိုတာကို ဆော့ဝဲက ပြောပြပေးပါလိမ့်မယ်။ ကိုးန၀င်း Android application လေးကိုရေးသားသူကတော့ Developer ကိုပြည့်ဖြိုးရှိန် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် Android ဖုန်းပိုင်ရှင်တွေအတွက် ရှိထားသင့်တဲ့ မြန်မာ application လေးတစ်ခုပါ။ ကိုးန၀င်း (9NaWim) v1.1.2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Link : ကိုးန၀င်း (9NaWim) v1.1.2 for Android
Credit to MMAS(Myanmar Mobile Application Store)
ဟင်း ချက် နည်းစာအုပ် v1.2
ဟင်း ချက် နည်းစာအုပ်
by… www.jas.com.mm
နှောင်ရှည် စင်းလုံးချောဆန်မွှေး ရဲ့ ……..
ဟင်း ချက် နည်း သည် အိမ် ထောင် ရှင် မများကို ဟင်း ချက် နည်း အသစ် များ၊ မုန့် လုပ် နည်း အသစ် များ ပေး သော အသုံးချပရိုဂရမ် တစ်ခုဖြစ် ပါသည်။
ဟင်း ချက်ခြင်း နှင့် မုန့် လုပ် နည်း များတွင် လိုအပ် သော ပါဝင် ပစ္စည်း များ၊ ပြင် ဆင် နည်း များ ၊ချက် ပြုတ် နည်း များကို ဓါတ် ပုံနှင့် တစ် ကွ အ သေး စိတ်
ဖော် ပြ ပေးထာ သော အသုံးချပရိုဂရမ် တစ်ခုဖြစ် ပါသည်။ ယခုအသုံးချပရိုဂရမ် သည် ဗားရှင်း အသစ် ဖြစ် ပါသည်။ နောက် ပိုင်း တွင်
ဗားရှင်း အသစ် များလည်း ထွက် ဖို့ရှိပါသည်။
Current Version:1.2
Requires Android:2.3 and up
App Screenshots
2 3
4 5
     ဟင်းချက်နည်း စာအုပ်ကို ဒီမှာဒေါင်းပါ 
Credit To MMAS(Myanmar Mobile Application Store)
Samsung Galaxy S4 ရဲ့ Smart Scroll function ကို On နည်း နဲ့ အသုံးပြုနည်း
ဖုန်းရဲ့ Setting > My Device tab > Smart Screen ထဲသို့ဝင်ပြီး Smart Scroll ခလုတ်ကို On ပါ။ ပြီးလျှင် ဖုန်းရဲ့ Web Browser သို့ဝင်ပါ။
Scroll များများဆွဲကြည့်ရမယ့် Page ဖြင့် စမ်းသပ်ရန် Google website သို့ဝင်ပြီး မိမိရှာလိုရာ result တစ်ခုခုကိုရှာလိုက်ပါ။ ပြီးလျှင် ဖုန်းရဲ့ ရှေ့ကင်မရာဘေးက sensor များကိုတည့်တည့်ကြည့်ပြီး မျက်တောင်နှစ်ချက်မှခတ်ပါ။ ပြီးလျှင် ခေါင်းနှင့် မျက်လုံးကိုအနည်းငယ် screen ရဲ့အောက်ဘက်ခြမ်းသို့ကြည့်သည့် အနေအထားအနည်းငယ်ပြောင်းပါ။ Web Page သည် အောက်သို့ auto scroll ဆွဲသွားပါမည်။ page ရဲ့အပေါ်ခြမ်းကိုပြန်ကြည့်လိုပါက ခေါင်းနှင့်မျက်လုံးကို အနည်းငယ် screen ရဲ့အပေါ်ဘက်ခြမ်းကိုကြည့်သည့်အနေအထား အနည်းငယ်ပြောင်းပါ။ Web Page သည် အပေါ်ဘက်သို့ auto scroll ဆွဲသွားပါမည်။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။
Thet Naing Soe (Myanmar Mobile Application Store)
Credit to MMAS (Myanmar Mobile Application Store)
Huawei Y210C Root , MM Font, KB, Wifi Fix လုပ်ပေးမည့် Tool
(ဖုန်းကို အရင်ဆုံး fastboot mod မှာဝင်ထားရပါမည်။)
1. ကိုရွေးရင်တော့ ဖုန်းကို Root လုပ် မြန်မာဖောင့်နှင့် ကီးဘုတ်ထည့်ပေးမှာပါ။
2. ကိုရွေးရင်တော့ ဖုန်းကို Root မလုပ်ပဲ မြန်မာဖောင့်နှင့် ကီးဘုတ်ထည့်ပေးမှာပါ။
3. ကတော့ အပေါ်က ၁ နှင့် ၂ လုပ်လိုက်လို့ wifi error ဖြစ်ခဲ့ရင် ပြင်ဆင်ဖို့ပါ။
ကြိုက်သလို  Share နိုင်ပါတယ်   
>>>>>>> DOWNLOAD HERE <<<<<<<<<<
Credit to  MMAS(www.myanmarmobileapp.com)
Sunday, May 26, 2013
Huawei Ascend P2
 Huawei Ascend P2
ကမ္ဘာ့ဈေးကွက်ကို တွင်ကျယ်တဲ့ ခြေလှမ်းတွေနဲ့ ထိုးဖောက်လာတဲ့ Huawei ဟာ လအနည်းငယ်လောက်က Gorilla Glass 2 သုံးထားတဲ့ 4G LTE စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာဘာလဲဆိုရင် ယခင်က အောင်မြင်ခဲ့ပြီးသား Ascend P1 ကို ထပ်မံတိုးမြှင့်ထားတဲ့ P2 စမတ်ဖုန်းဖြစ်ပြီး Android နောက်ဆုံးထွက် ဗားရှင်းနဲ့အတူ ဈေးကွက်ထဲမှာ ရှိနေတဲ့ Galaxy ဖုန်းတွေနဲ့ HTC ရဲ့ One Series ဖုန်းတွေကို ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုပါတယ်။ Huawei ဟာ နောက်ပိုင်းထွက်ထားတဲ့ ဖုန်းတွေကို ပါးလွှာမှုနဲ့ မြန်ဆန်မှုကို ဦးစားပေးလာပြီး သူတို့ရဲ့ ကိုယ်ပိုင် Chipset နဲ့တောင်မှ ဈေးကွက်ကို တိုးလာပါတယ်။
ယခု P2 မှာလည်း Huawei K3V2 Chipset ကို တွေ့မြင်ရမှာဖြစ်ပြီး Camera ကလည်း 13MP အမိုက်စားကို ဆက်စပ် Feature တွေနဲ့အတူ အသုံးပြုနိုင်ပါလိမ့်မယ်။ UI ကို အခြားစမတ်ဖုန်းတွေနဲ့ မတူဘဲ Emotion ပုံစံမျိုးဖြစ်အောင် ပြုလုပ်ထားပြီး Ascend P1 တုန်းက ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်နိုင်ခဲ့တာကြောင့် ယခု P2 ကိုတော့ Application တွေ ဂိမ်းတွေဆော့ကစားတဲ့ အခါမှာ မြန်ဆန်တဲ့ Loading Time ကို ရရှိအောင် စွမ်းဆောင်ပေးထားပြီး ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအဖြစ် ထုတ်လုပ်လိုက်ပါတယ်။ Built-in theme ပေါင်း တစ်ရာကျော် ပါဝင်လာပြီး မိမိလိုအပ်သလို ဖန်တီးနိုင်ပါလိမ့်မယ်။
ဒီဖုန်းကို တစ်ကမ္ဘာလုံး ဈေးကွက်အနေနဲ့ ဖြန့်ချိမှာဖြစ်ပြီး US ဈေးကွက်အတွက်တော့ ထုတ်လုပ်မယ်လို့ မဆိုသေးပါဘူး။ အစောပိုင်းတုန်းက Octa core နဲ့ ထွက်ရှိလာမယ်လို့ဆိုပြီး အမှန်တကယ် ပြသလိုက်တဲ့ အချိန်မှာတော့ 1.5GHz quad-core chip နဲ့သာ ထွက်ရှိလာပါတယ်။ ဒါပေမယ့် သူဟာ 4G Network မှာ အသုံးပြုနိုင်မှာဖြစ်ပြီး Download ပြုလုပ်မှုကို 150Mpbs ရအောင် စွမ်းဆောင် ပေးပါလိမ့်မယ်။ Huawei ရဲ့ Ascend Mate, D2 တို့လိုမျိုးပဲ အရည်အသွေးမြင့် စမတ်ဖုန်း P2 ရဲ့ပါဝင်မှုတွေကို လေ့လာကြည့်ရအောင်။
Display
IPS နည်းပညာကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်တာကြောင့် အခြားစမတ်ဖုန်းတွေလိုမျိုး မြင်ကွင်းကြည့်တဲ့ အခါမှာ ဝေဝါးတာမျိုး မဖြစ်စေဘဲ ဘက်ပေါင်းစုံ ဘယ်ထောင့်ကနေ ကြည့်ကြည့် ရှင်းလင်းပီသတဲ့ ရုပ်ထွက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 4.7″ ကို 312ppi ပုံရိပ် ဖော်ပြနိုင်စွမ်းနဲ့ 8.4mm အထူဟာ P2 ကို ထိပ်တန်းစမတ်ဖုန်းအဖြစ် သတ်မှတ်သွားနိုင်ပါတယ်။ Screen Size ကိုလည်း 720 x 1280 ဖြစ်တာကြောင့် HD ပုံရိပ်တွေကို ဝေဝါးတာ မရှိစေဘဲ ဖော်ပြပေးနိုင်ပါတယ်။ မျက်နှာပြင် ကာကွယ်နိုင်စွမ်းကိုလည်း သံနဲ့ ခြစ်မိရင်တောင် အရာထင်နိုင်စွမ်း မရှိတဲ့ Corning ရဲ့ ဒုတိယမျိုးဆက် Gorilla ကို သုံးစွဲထားပြီး Emotion UI 1.6 က သာမန်ထက်ပိုတဲ့ အရသာကို ပေးစွမ်းပါလိမ့်မယ်။
Store And Battery
16GB သိုလှောင်နိုင်စွမ်းရှိတဲ့ Huawei ဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် OS အတွက်တော့ 2GB နီးပါး ပေးစွမ်းရပါလိမ့်မယ်။ ဒါ့အပြင် SD Card ထပ်မံထည့်သွင်းလို့ မရတာကလည်း သူ့ရဲ့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် 1GB RAM ကလည်း အကောင်းဆုံး အထောက်အပံ့ ပေးစွမ်းပါလိမ့်မယ်။ 2420mAh Battery ကို ရရှိနိုင်မှာဖြစ်ပြီး 2G ကွန်ရက်မှာ ဖုန်းပြောဆိုမယ် ဆိုရင်တော့ တစ်ရက်နီးပါး အသုံးခံနိုင်ပါလိမ့်မယ်။ Wi-Fi အသုံးပြုပြီး အင်တာနက် သုံးမယ်ဆိုရင်တော့ မိနစ် 800 နီးပါး သုံးစွဲနိုင်မှာဖြစ်ပြီး 4G ကွန်ရက်မှာ ဝင်ရောက်သုံးစွဲမယ် ဆိုရင်တော့ အချိန်အတော်ကြာ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် HD ဂိမ်းတွေသာ ဆော့ကစားမယ်ဆိုရင် တစ်ရက်တာ နီးပါးလောက်ကို သုံးစွဲနိုင်အောင် အထိကို ထောက်ပံ့ပေးထားပါတယ်။
Other
122g အလေးချိန်ရှိပြီး ယခင်ဖုန်းများလိုပဲ ပလက်စတစ်ကိုယ်ထည်နဲ့ ဖက်ရှင်ကျတဲ့ ပုံစံဒီဇိုင်းကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ တည်နေရာပြစနစ်အတွက် AGPS စနစ်ကို ထောက်ပံ့ပေးထားတာကြောင့် မြို့တွင်းလမ်းတွေကို သွားရောက်တဲ့အချိန်မှာ သာမကဘဲ အလှမ်းဝေးတဲ့ မြို့ပြင်လမ်းတွေကိုပါ ကောင်းမွန်စွာ လမ်းညွှန်ပြသပေးပါလိမ့်မယ်။ Multi Touch ကို 10 Point အထိ ပြုလုပ်နိုင်စွမ်းရှိမှာဖြစ်ပြီး NFC ကို အထောက်အပံ့ ပေးထားပါတယ်။ ဒါ့အပြင် earphone ကနေတစ်ဆင့် music နဲ့ ဗီဒီယိုတွေကို ကြည့်ရှုသူတွေ အတွက်လည်း Dolby mobile လို လုပ်ဆောင်မှု အပေါင်းကို ဖြည့်သွင်းပေးထားပါတယ်။
Software/ Hardware
Android ရဲ့ အောင်မြင်ပြီးသား OS နဲ့အတူ Huawei ရဲ့ UI ပေါင်းစပ်လိုက်တဲ့ အချိန်မှာ Ascend P2 ဟာ Galaxy မျိုးဆက် ဖုန်းတွေထက်တောင် အနည်းငယ် သာသယောင် ရှိသွားပါတယ်။ Smart Reading ပါဝင်လာတာကြောင့် E-Book ဖတ်ရှုနေရင်းနဲ့ မိမိသိချင်တဲ့ စကားလုံးတွေကို Wiki ပေါ်ကို တက်ရောက် ရှာဖွေနိုင်ပါလိမ့်မယ်။ Quad-core 1.5GHz CPU ကို Huawei ရဲ့ Chipset နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ HD ဂိမ်းတွေ ဆော့ကစားတဲ့ Loading တက်ချိန် သာမန်ထက် မြန်ဆန်သွားပါပြီ။ ဒါ့အပြင် Huawei ရဲ့ Chipset အားသာချက်က ဘတ္ထရီစွမ်းအားကို ပုံမှန်ထက် ချွေတာနိုင်စွမ်းရှိပြီး Touch Screen အထိအတွေ့က နေရာအလိုက်ကိုသာ ဘတ္ထရီစွမ်းအားကို သုံးစွဲပါတယ်။ Sensor ၄ မျိုးကတော့ ပုံမှန်ဖုန်းတွေမှာ ပါဝင်ပြီးသား အတိုင်းပါပဲ။
Camera
13MP ကင်မရာဟာ 4032 x 3224 pixel အရည်သွေးရှိတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်းရှိလာပြီး ယခုနောက်ဆုံးထွက် စမတ်ဖုန်းတွေမှာသာ ပါဝင်လာတဲ့ HDR လို ဖန်ရှင်မျိုးတွေကို မြင်တွေ့ရပါမယ်။ ဗီဒီယို ရိုက်ကူးမှုတွေကိုတော့ 1080p အရည်အသွေးနဲ့ ဖမ်းယူရိုက်ကူးနိုင်စွမ်း ရှိမှာဖြစ်ပြီး အလင်းအမှောင် မညီတဲ့ ရှုခင်းတွေကို ရိုက်ကူးရင်တောင်မှ သေသပ်တဲ့ ပုံရိပ်ကို ရရှိအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ရှေ့ဘက် ကင်မရာငယ်ဟာ 1.3 ဖြစ်ပြီး 720p အရည်အသွေးသာ စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒါ့အပြင် ကင်မရာရိုက်ကူးမှုအတွက် ဖုန်းရဲ့ ဘေးထောင့်နားမှာ Key တစ်ခု ပါဝင်လာပြီး စမတ်ကင်မရာတစ်လုံး ကိုင်ဆောင်ထားရသလို ဖြစ်နေပါလိမ့်မယ်။
Huawei Ascend P2 ရဲ့ အသေးစိတ်အချက်အလက်များကို အောက်မှာဆက်လက်လေ့လာနိုင်ပါတယ်။
General              2G Network GSM 850 / 900 / 1800 / 1900
3G Network HSDPA 900 / 2100
4G Network LTE
SIM Micro-SIM
Announced 2013, February
Status Available. Released 2013, April
Body                  Dimensions 136.2 x 66.7 x 8.4 mm (5.36 x 2.63 x 0.33 in)
Weight 122 g (4.30 oz)
 Display             Type IPS LCD capacitive touchscreen, 16M colors
Size 720 x 1280 pixels, 4.7 inches (~312 ppi pixel density)
Multitouch Yes
Protection Corning Gorilla Glass 2
- Emotion UI 1.6
Sound              Alert types Vibration, MP3 ringtones
Loudspeaker Yes
3.5mm jack Yes
- Dolby Mobile Plus sound enhancement
Memory          Card slot No
Internal 16 GB, 1 GB RAM
Data               GPRS Yes
EDGE Yes
Speed HSDPA; HSUPA; LTE, Cat4, 150 Mbps DL; 50 Mbps UL
WLAN Wi-Fi 802.11 b/g/n, dual band, DLNA, Wi-Fi hotspot
Bluetooth Yes, v4.0 with A2DP, LE, EDR
NFC Yes
USB Yes, microUSB v2.0
Camera           Primary 13 MP, 4032 x 3224 pixels, autofocus, LED flash
Features Geo-tagging, HDR, face and smile detection
Video Yes, 1080p@30fps, HDR
Secondary Yes, 1.3 MP, 720p@30fps
Features         OS Android OS, v4.1.2 (Jelly Bean)
Chipset Huawei K3V2
CPU Quad-core 1.5 GHz
Sensors Accelerometer, gyro, proximity, compass
Messaging SMS(threaded view), MMS, Email, Push Mail, IM
Browser HTML5
Radio FM radio
GPS Yes, with A-GPS support and GLONASS
Java Yes, via Java MIDP emulator
Colors Black, White
- SNS integration
- Active noise cancellation with dedicated mic
- DivX/XviD/MP4/H.263/H.264/WMV player
- MP3/eAAC+/WMA/WAV player
- Google Search, Maps, Gmail,
YouTube, Calendar, Google Talk
- Organizer
- Document viewer/editor
- Photo viewer/editor
- Voice memo/dial/commands
- Predictive text input
Battery           
Li-Ion 2420 mAh battery
Stand-by (2G) / Up to 310 h (3G)
Talk time
Ref & Credit: Mobile Guide Journal, GSM Arena
Copy MyanmarMobileApp
Friday, May 17, 2013
TT Pod Music Player
TT Pod Music Player Update Version လေးပါ၊ တရုတ်ဆော့ဝဲလ်ဖြစ်ပေမယ့်
                      သုံးရတာအဆင်ပြေလို့တင်ပေးလိုက်တာပါ
Function တွေလဲတော်တော်စုံပါတယ်၊Equalizer,Bass Boot,Virtualizerတွေလဲ
                      ပါပါတယ်။Sleep Time လဲပါပါတယ်၊
အင်တာနက်ချိတ်ထားလျှင် အွန်လိုင်းပေါ်ကနေသီချင်းတွေကိုနားထောင်လို့ရတဲ့
                      အပြင်ဒေါင်းလုပ်ပါဆွဲလို့ရပါတယ်
Theme တွေကိုလဲဒေါင်းလုပ်ဆွဲပြီးသုံးလို့ရပါတယ်၊အင်တာနက်ဖွင့်ပြီးသီချင်းနား
                      ထောင်ရင် သီချင်းစာသားကိုပါဖော်ပြပေးပါတယ်(မြန်မာသီချင်းမပါ)
Background ပုံတွေလဲပါပါတယ် မိမိကြိုက်နှစ်သက်တဲ့ပုံကိုပါတင်လို့ရပါတယ်
                      ဖုန်းကို လှုပ်လိုက်တာနဲ့သီချင်းကို Next လုပ်ပေးတဲ့
Function လဲပါပါတယ်၊ကဲ Screenshot လေးတွေကြည့်ပြီး ဒေါင်းလိုက်ပါ
Download Link : TT Pod
Thursday, May 16, 2013
Huawei U8825D & U8950D unlock မလုပ်ပဲ Root လုပ်နိုင်ပါပြီ။
Huawei U8825D & U8950D unlock မလုပ်ပဲ Root လုပ်နိုင်ပါပြီ အားလုံးအဆင်ပြေအောင်
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊၊ SONY XPERIA S , SL  6.1.a.2.55  တွေကိုလဲ  Bootloader UNlock  မလုပ်ဘဲ  ROOT နိုင်ပါတယ်နော်။ အခုတော့ အားလုံးအဆင်ပြေပြေသုံးလို့ရပါပြီ
အရင် က လို ၂ ရက် ၃ ရက်လဲ စောင့်စရာမလိုတော့ပါဘူး။ လုပ်ရမှာက Phone ကို USB debugging နဲ့
Unknown sources ကို on ထားပါ။ Phone ကို Computer နဲ့ ချိတ်ပါ  ဒေါင်းထားတဲ့ ERoot-1.0.14.exe ကို
Run လိုက် ပါ ပြီရင် Root ဆိုတာကို နိုပ်လိုက်ရုံပါပဲ အားလုံးအဆင်ပြေပါစေဗျာ။
ဒီ Root Tool ကိုပေးတဲ့ Ko Myo ကို လဲ ကျေးဇူးတင်ပါတယ် ။
      >>>> download  <<<<    
Credit to Ko Myo
Tango Update Version လေးပါ
                        Tango Update Version လေးတွေ့လို့တင်ပေးလိုက်တာပါ
                                      Version ကတော့ 2.9.45173 ပါ
Download Link : Tango
Monday, May 13, 2013
Samsung Galaxy Grand (GT-I9082) အား မ Root ပဲ မြန်မာဖောင့်ထည့်နည်း
အရင်ဆုံး လိုအပ်တာလေးတွေ ဒေါင်းပါ
Odin (For Samsung)
http://www.mediafire.com/?yhak82qwccf3ych
Galaxy Grand (for Touch Recovery)
http://www.mediafire.com/?76v7f4a367dwoc1
MM Font & Keyboard (Build In System)
http://www.mediafire.com/?bfow8p96a6nb985
လိုအပ်တာတွေ ဒေါင်းပြီးပြီ ဆိုရင်တော့ ဖုန်းကို လိုအပ်တာတွေ Back up လုပ်ထားလိုက်ပါ အစိုးမရတဲ့ စက်ပစ္စည်းတွေ ရဲ့ ထုံးစံကြောင့် သင့် Data တွေ ရရှိနိုင်ဖို့ Backup လုပ်ထားတာ အကောင်းဆုံးပါပဲ။
ဖုန်းအား Recovery သွင်းဖို့ မစခင် ဖုန်းဟာ ဘတ်ထရီ အနည်းဆုံး Level 75% ရှိနေရပါမယ် (သတိပြုပါ)
ကဲ အားလုံးပြီးပြီဆိုရင် လုပ်ငန်းစပါမယ်…
၁။ ပထမဆုံးအနေနဲ့ ဖုန်းအား ပါဝါပိတ်လိုက်ပါ ပြီးလျင် ငါးစက္ကန့်ကြာပြီးလျင်
Volume Down + Power + Home buttons
တွဲ နှိပ်ထားလိုက်ပါ။
အပေါ်ပုံပါအတိုင်း နှိပ်ပြီးလျင် Download Mode ပေါ်လာပါမယ်
Volume Up
ကိုနှိပ်ပြီး Download Mode ၀င်ကြောင်း အတည်ပြုပေးပါ
၂။ ယခုဆိုလျင် ကွန်ပြုတာဖြင့် ချိတ်ဆက်၍ ရနိုင်ပါပြီ
ကွန်ပြုတာဖြင့် မချိတ်ဆက်ခင် ကွန်ပြုတာမှာ လုပ်စရာရှိတာလေးတွေ
 အရင်လုပ်ထားကြရအောင်…
အရင်ဆုံး Odin.exe အား ဖွင့်လိုက်ပါ။
အထက်ပါ ပုံအတိုင်း Odin ပေါ်လာပါမယ် ကြိုးထိုးလိုက်ပါ ကြိုးထိုးလိုက်လျင်
ပထမ အကွက်လေးမှာ မီးပြာလေး လင်းလာပါမယ် ဒါဆိုရင် Mobile Device အား ကွန်ပြုတာမှ အသိအမှတ်ပြုလိုကပါပြီ စတငပြီး Recovery ရေးပါတော့မယ်…
၃။ အထပ်ပါပုံအတိုင်းပင် PDA မှ တဆင့် မိမိဒေါင်းထားသော CWM-touch_i9082_chotu.tar.md5  
အား သွားရွေးပေးလိုက်ပါ ပုံပါအတိုင်း PDA မှာ ၀င်သွားပြီဆိုရင်
Auto Reboot နှင့် F.Reset Time နှစ်ခုအား အမှန်ခြစ်ကာ
Start ကို နှိပ်ပေးပါ။
အထက်ပါ ပုံစံအတိုင်း သူ့အလိုလို ရေးသွားပါမယ်
Odin မှာ Pass! ဆိုပြီး အစိမ်ရောင် အကွက်လေး ပေါ်နေပြီဆိုရင် ကြိုးဖြုတ်လို့ရပါပြီ။
၎။ ပါဝါပွင့်လာတဲ့ ဖုန်းကို ပါဝါပြန်ပိတ်ပါ
ပြီးလျင် ဒေါင်းလုပါ ဆွဲထားတဲ့ MM Font & Keyboard.zip ဖိုင်လေးအား
SD Card ထဲသို့ ထည့်ပြီး ထို SD Card အား ဖုန်းထဲသို့ ထည့်ထားလိုက်ပါ။
၅။ ခုဆိုရင် ထည့်ထားတဲ့ MM Font & Keyboard အား Install လုပ်ဖို့အတွက်
Recovery Mode ခေါ်ပါမယ်
Volume Up + Power + Home buttons
များ ပေါင်းနှိပ်ထားပါ
Recovery Menu တက်လာပါမယ်။
အထက်ပါ ပုံစံအတိုင်း တက်လာလျင် Recover Menu (CWM) ၀င်သွားပြီဖြစ်လို့
မိမိ ထည့်ထားတဲ့ MM Font & Keyboard.zip အား
Install Zip From SD Card မှ တဆင့် ရှာဖွေကာ Install လုပ်ပေးလိုက်ပါ
Touch Recovery ဖြစ်တာကြောင့် လက်ဖြင့် တို့ထိပြီး ပြုလုပ်နိုင်ပါတယ်။
အားလုံး ပြီးရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ
ပါဝါပြန်တက်လာရင် မြန်မာစာ နဲ့ ကီးဘုတ် အော်တိုပါနေတာကို မြင်ရမှာဖြစ်ပါတယ်..
အားလုံးအဆင်ပြေနိုင်ကြပါစေ…
သစ်ဆန်းခန့်
mr.thitsankhant@gmail.com
Bus Parking 3D
Bus Parking 3D Busကားပါကင်ထိုးရတဲ့ဂိမ်းလေးပါ အရမ်းလန်းပါတယ်
တကယ့်  Bus ကားတစ်စီးကိုပါကင်ထိုးနေရသလို ခံစားရစေမှာဖြစ်ပါတယ်
Steering ကိုလည်း တကယ်လှည့်ပြီးကွေ့နေရသလိုခံစားရမှာပါ Graphic
ပိုင်းကလည်း အကောင်းကြီးလို့မဆိုနိုင်ပေမယ့် ဆော့ကစားရတာအဆင်
ပြေစေမှာပါ ဘယ်ဘက်မှာ Steering ညာဘက်မှာ Break,Lever နဲ့
အရှေ့အနောက် ဂီယာတို့ပါဝင်ပါတယ် ညာဘက်အပေါ်ထောင့်က
ကင်မရာပုံစံလေးကို နှိပ်လိုက်ရင်ခေါင်းခန်းကနေထိုင်မောင်းနေသလို
မြင်ကွင်းကို ခံစားရမှာပါ ဂိမ်းမှာ Level ပေါင်း ၂၃ခုပါဝင်ပါတယ် ကဲ
Screen Shot လေးတွေကြည့်ပြီး ဒေါင်းလိုက်ပါဦးဗျာ
Download Link : Bus Parking
Sunday, May 12, 2013
Monkey Boxing
ကဲ…android သမားများအတွက်လာပါပြီဗျာ…
မျောက်လို အငြိမ်မနေနိုင်မထိုင်နိုင် ချချင်နှပ်ချင်နေတဲ့ဘော်ဒါများအားလုံးအတွက်ပါဗျာ..
ထိုးမယ် နှက်မယ်ပေါ့ဗျာ..
ဒီတစ်ခါ ကတော့ android သမားများအတွက်ပေါ့ဗျာ..
ဂိမ်းဆိုက်ကလည်းသိပ်မကြီးတော့ အဆင်ပြေမှာပါဗျာ…
ဆော့လိုရတဲ့ android version ကတော့ 2.2 နှင့်အထက်ဆိုရင်ရပါပြီဗျာ..
ကြည့်လိုက်ပါအုန်းဗျာ…
Download ( Monkey Boxing ! )
Download ( Monkey Boxing ! )
Sony Xperia Ray မှာ Firmware မှားတင်တာတို့ Firmware ကျသွားတာတို့ဆိုရင် Firmware ပြန်တင်နည်းလေးပါ
ကဲအခုကျွန်တော်တို့ အရင်ဆုံး Flash Tool နဲ့ Firmware ကို ဒေါင်းလုပ်ဆွဲရပါမယ်
အောက်ကဆိုဒ်လေးမှာ ဆွဲလိုက်ပါဦး
Download Link : Flash Tool 0 9 10 1
Download Link : Ray Fimware
ကဲ Flash Tool ကော Firmware ကောဒေါင်းလုပ်ဆွဲပြီးပြီဆိုရင် Firmwareတင်တဲ့
အပိုင်းစတင်ပါမယ် USB ကြိုးအသင့်ရှာထားပါ
ကျွန်တော် Flash Tool ကိုကွန်ပျူတာမှာ Install လုပ်တာကိုစတင်ပြောပါ့မယ်
ခုနကကျွန်တော်တို့ Flash Tool ကိုဒေါင်းထားတယ်နော် ဒေါင်းလုပ်Folder ထဲသွားပါ
အဲ့မှာကျွန်တော် ၀ိုင်းပြထားတဲ့ flashtool-0.9.10.1-windows ဆိုတဲ့ exe လေးကို
Run လိုက်ပါ Install Box လေးတက်လာပါမယ် Next ကိုနှိပ်ပါ Next ထပ်နှိပ်ပါ
Install ကိုနှိပ်ပါ အောက်မှာပြထားတဲ့အတိုင်း ကွန်ပျူတာထဲကို Install လုပ်နေပါမယ်
Install လုပ်တာပြီးရင် Finish ကိုနှိပ်လိုက်ပါ ပြီးလျှင် Driver သွင်းရပါမယ်
Driver သွင်းဖို့အတွက် My Computerထဲက C: အောက်က Flash Tool Folder
အောက်က Driver Folder ထဲဝင်လိုက်လျှင် Flashtool-drivers exe လေးတွေ့
ပါမယ် အဲ့ကောင်လေးကို Run လိုက်ပါ
ပြီးလျှင် Next ကိုနှိပ်ပါ အောက်မှာပြထားတဲ့ မြားထိုးထားတဲ့ ကောင်လေးတွေကို
အမှန်လိုက်ခြစ်ပါ ပြီးလျှင် Install ကိုနှိပ်ပါ
Welcome To The Device Driver Installation Wizard ဆိုတဲ့ဘောက်ထပ်ကျ
လာပါလိမ့်မယ် Next ကိုနှိပ်ပါ
အဲ့မှာအောက်မှာပြထားတဲ့အတိုင်း Windows Security Box ခနခနတက်လာပါလိမ့်မယ်
ကျွန်တော်ဝိုင်းပြထားတဲ့ အတိုင်း Install this driver software anyway ကိုပဲထပ်ခါထပ်ခါ
နှိပ်ပေးလိုက်ပါ ပြီးသွားရင် Finish ကိုနှိပ်ပေးလိုက်ပါ
ဒါဆို Flash Tool သွင်းတဲ့အပိုင်းပြီးပါပြီ Firmware တင်ဖို့ Flash Tool ထဲကို
ခုနကကျွန်တော်တို့ ဒေါင်းထားတဲ့ Firmware ကို သွားထည့်ပေးရပါမယ်ပုံမှာ
ပြထားတဲ့အတိုင်း
My Computer- C: အောက်က Flash Tool Folder အောက်က Firmware Folder
ထဲကို ခုနကျွန်တော်တို့ဒေါင်းထားတဲ့ Firmware ကို Rar ဖြည်ပြီး သွားထည့်ပေးပါ
ကဲဒါဆိုကျွန်တော်တို့ Firmware စတင်လို့ရပါပြီ USB ကြိုးကို ကွန်ပျူတာမှာထိုး
လိုက်ပါ ဖုန်းနဲ့မတွဲနဲ့ဦးနော် ကွန်ပျူတာမှာပဲထိုးခိုင်းတာ အောက်ကပုံကိုကြည့်ပါ
 Start Menu/All Programs/Flash Tool/Flash Tool ကို Run ပါအောက်မှာ
ပြထားတဲ့အတိုင်း တက်လာပါမယ်
ပုံမှာ ၀ိုင်းပြထားတဲ့အတိုင်း မိုးကြိုးပုံကောင်လေးကို နှိပ်လိုက်ပါ ဘေးမှာဘောက်
အသေးလေးတစ်ခုတက်လာပါ ပုံမှာပြထားတယ်နော် OK ပေးလိုက်ပါ Box
တစ်ခုထပ်တက်လာမယ် အောက်မှာကြည့်ပါ
အဲ့မှာဝိုင်းပြထားတဲ့ ST18i 4.0.2.A.0.62 ပေါ်မှာ Click တစ်ချက်နှိပ်ပေးပါ
ညာဘက်အောက်မှာ ၀ိုင်းပြထားတဲ့ no final verification ဆိုတာကို
အမှန်ခြစ်ပေးပါ ပြီးရင်တော့ OK ကိုနှိပ်ပါ Box တစ်ခုတက်လာပါမယ်
ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ခိုင်းတာပါ ဖုန်းကိုဖွင့်ထားရင်ပိတ်လိုက်ပါ ပိတ်ပြီးရင်
Volume Down ကိုဖိပြီး USB ကြိုးကိုထိုးပြီး ကွန်ပျူတာနဲ့ချိတ်လိုက်ပါ Box
ပျောက်သွားပါလိမ့်မယ် Firmware စတင်နေပါပြီ အောက်မှာ ရာခိုင်နှုန်းလေး
တွေတက်နေပါမယ် ၁၀၀ ရာခိုင်နှုန်ူပြည့်သွားရင် အောက်ကိုကြည့်ပါ
ပုံမှာဝိုင်းပြထားတိုင်းအတိုင် Flashing Finished ဆိုတာပေါ်လာရင် USB ကြိုးကို
ဆွဲဖြုတ်ပြီး ဖုန်းကိုပါဝါဖွင့်လိုက်ပါ Sony Ericsson ဆိုတဲ့စာကြောင်းပေါ်လာပြီး
OS Installation လုပ်နေပါမယ် ခနစောင့်ပါ ပြီးရင်တော့ ဘာသာစကားရွေးတဲ့
Box လေးပေါ်လာ လိမ့်မယ်
 ကိုယ်ကြိုက်တာကိုရွေးပေးလိုက်ပါ ပြီးရင်တော့unknown source နဲ့
 USB debugging ကို On ပေးလိုက်ပါ ကဲဒါဆိုFirmwareတင်တာ
 အောင်မြင်စွာနဲ့ပြီင်္းဆုံးသွားပါပြီ
Related Posts Plugin for WordPress, Blogger...