Wednesday, June 26, 2013

APK တွေကို Virtuous Ten Studio နဲ့ပြင်ဆင်ခြင်း

APK Edit Tool တွေကတော့ အများကြီးပါပဲ

ဒီအထဲမှာပဲ အလွယ်ဆုံးပြင်ဖို့အတွက် Virtuous Ten Studio ကိုတင်ပေးလိုက်ပါတယ်။

အရင်ဆုံးဒါလေးကိုဒေါင်းလိုက်ပါ။

အဲ့မေ့တော့မလိုပဲပြောမလို့ .Net 4.0 လိုအပ်သေးတယ်..နော်။

ပြီးသွားရင် Tool ကိုဒီမှာသွားဒေါင်းလိုက်ပါ။

http://www.virtuous-ten-studio.com/index.php/downloads

ကဲဒေါင်းပြီးရင်တော့ Install လုပ်လိုက်ပါ။



ကဲ ပြီးသွားရင်တော့ File မှာ New Project ကိုရွေးပြီး မိမိ Edit လုပ်ချင်တဲ့ apk ကိုရွေးပေးလိုက်ပါ။



Project Name တို့ Solution Name တို့ပေးပြီးရင် OK နှိပ်လိုက်ပါ။

Decompile လုပ်နေပါပြီ။

ကျွှန်တော်အောက်မှာပြထားတာကတော့ ကိုသူရိန်ရဲ့ Myan Keyboard ကိုထည့်ပြထားတာပါ။

Desktop ပေါ်မှာတွေ့တာထည့်လိုက်တာနော် :)





အဲပုံလေးထည့်က res Folder ထဲကိုဝင်လိုက်ပါ။


ပြီးသွားရင်တော့ Values ဆိုတဲ့ Folder လေးကိုတွေ့ပါလိမ့်မယ်.. ၀င်လိုက်ပါ။

Strings.XML ကိုတွေ့ပါလိမ့်မယ်…

ကဲ Notepad လေးမှာဖွင့်ပြီးမြန်မာလိုရေးလိုက် Copy paste ချလိုက်ပေါ့ဗျာ။



ကဲအားလုံးပြီးသွားရင်တော့ Build All ဆိုတာကိုနှိပ်လိုက်ပါ။

ပြီးသွားရင်တော့ My Document ထဲက ဒီလမ်းကြောင်းအတိုင်းသွားလိုက်ပါ

Virtuous Ten Studio\Projects\binary ထဲမှာ မိမိ ပြင်ထားတာတွေ့ရပါလိမ့်မယ်။

Credit to MMSD(www.myanmarmobilesoftwaredeveloper.com)


Wednesday, June 19, 2013

Samsung Galaxy S4 LTE GT-I9505 အား Root လုပ်မယ် CWM Recovery သွင်းမယ်

Samsung ရဲ့ နာမည်ကျော် နည်းပညာမြှင့်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S4 LTE GT-9505 ကို root လုပ်နည်းလေးဖြစ်ပါတယ် ။ မြန်မာပြည်ဈေးကွက်ထဲမှာလည်းစတင်ရောက်ရှိလို့လာနေပါပြီ ။ Samsung Galaxy S4 ၀ယ်တဲ့အခါ မိမိဖုန်းကို ကိုယ်တိုင်ကိုယ်ကျ root လုပ်နိင်ဖို့ လုပ်နည်းလေးကိုတင်ပေးလိုက်ပါတယ်။
ပထမ မိမိရဲ့ ဖုန်းဟာ    Galaxy S4 LTE GT-I9505 … firmware    XXUBMEA ဖြစ်မှသာ ဒီ root ကို စမ်းသပ်နိုင်မှာဖြစ်ပါတယ် ..မိမိဖုန်းမှာ USB Debugging ကိုအမှန်ခြစ်ပြီးသားဖြစ်ရပါမယ်။
ပထမဆုံးလိုအပ်တဲ့ ဖိုင်တွေ အရင်ဒေါင်းရပါမယ် ..
ဒါက Samsung Driver ပါ..   …….           Samsung Driver ဆော့ဝဲလ် အားရယူရန်
ဒါက  Odin3-v 3.07 ပါ ……………….Odin3-v3.07 အားရယူရန်
ဒါက root tool လေးပါ…………………..CF-Auto-Root Package  အားရယူရန် (ဒေါင်းပြီးသွားလို့ Zip ဖြေစရာမလိုပါဘူး။ဖြည်ပြီးသားပါ)
အားလုံးဒေါင်းပြီးသွားရင် Driver ကို ကွန်ပျူတာမှာရမ်းထားပါ.. ပြီးရင်   Odin ကို ကွန်ပျူတာမှာ ဖွင့်လိုက်ပါ ..
Odin  ရဲ့  PDA အကွက် မှာ အထက်ပါ zip ဖြေထားတဲ့အထဲက  CF-auto-root-gti9505.tar.md5 ဆိုတာလေး သွင်းထားလိုက်ပါ ..
ပြီးရင် ဖုန်းကိုပိတ်  download mode ကို  vol –  power  home တွဲနှိပ်ပြီး ၀င်ပါ့မယ် ..
vol+  ထပ်နှိပ်ပါ.. downloading ဆိုပြီးရပ်နေပါမယ် .. အဲဒါဆိုရင် downlaod mode ရောက်ပါပြီ..ဒီပုံစံလေးပါ..
အဲလိုမှ မဟုတ်ရင် ဆက်လုပ်လို့မရပါဘူး..
ပြီးရင် USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ ..  ခဏစောင့်ပါ..  Odin ရဲ့  ID.com အောက်နားမှာ အရောင်(အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်) လေး သန်းနေပါလိမ့်မယ် ..
ဒီလိုလေးပါ..
အဲဒါမှ ဆက်လုပ်လို့ရပါမယ် ..အဲလိုအရောင် မပေါ်ရင် Driver /USb ကြိုးတွေကို ပြန်စစ် ပြန်သွင်းရပါမယ် ..
အရောင်လေးပေါ်လာရင် Odin ရဲ့ Start ခလုတ်လေး နှိပ်လိုက်ပါ .. သူ့ဟာသူအလုပ်လုပ်နေပါလိမ့်မယ် ..ခဏအကြာမှာ  odin မှာ  PASS ပြပါမယ် ဒီလို ပုံစံလေးပါ.
..အဲဒါဆို၇င် မိမိဖုန်း root လုပ်ခြင်းပြီးပါပြီ..
မှတ်ချက်။ ။ တခါတရံဖုန်းကRoot ပြီးသော်ဖုန်းက Recovery Mode (or) Root မရဖြစ်တတ်ပါတယ်။အဲ့ဒီအခါကျရင် ဖုန်းကဘက်ထရီကိုဖြုတ်ပြီးပြန်တပ်ပြီးသောအခါ Recovery mode –>>Vol up+Home+power ကိုတွဲနှိပ်ပေးလိုက်ပါသူ့ဟာသူအော်တို Rooting ကိုလုပ်ဆောင်ပေးပါလိမ့်မယ်။
Rooting ပြီးလို့မှ CWM Recovery ထပ်ပြီးသွင်းခြင်သေးတယ်ဆိုရင်တော့အောက်မှထပ်ပြီးလေ့လာလိုက်ပါ။
===============================================
လိုအပ်တဲ့ဖိုင်များကိုအောက်မှာဒေါင်းလော့ရယူပါ။
CWMကို Odin ကိုအသုံးပြုပြီး Flash လုပ်ပေးရမှာပါ။Odin v.3.07 ကိုပဲအသုံးပြုပြီး Download Mode –>.Vol Down+Home+Power ကိုတွဲနှိပ်ပြီးဝင်ပေးလိုက်ပါ စက်ရုပ်ပုံလေးနှင့်တြိဂံပုံလေးတတ်လာပြီဆိုရင် Vol Up ကိုတချက်နှိပ်ပေးလိုက်ပါ။အဲ့ဒါဆိုရင် Download Mode  ဝင်ပြီးသားဖြစ်သွားပါပြီ။ပြီးလျှင် Odin ရဲ့PDA မှာထဲ့ပြီး Start လုပ်ပေးလိုက်ယုံပါပဲ။Odin မှာ PASS ပြပြီးဖုန်းက Reboot ကျပြီး ပြန်တက်လာပြီဆိုရင် မိမိဖုန်းမှာ CWM Recovery သွင်းပြီးသားဖြစ်သွားပါပြီ။Recovery Mode–>> Vol Up+Home+Power ကိုတွဲနှိပ်ပြီးစစ်ကြည့်လိုက်ပါ။
အားလုံးပဲ အဆင်ပြေကြပါစေ..

Tuesday, June 18, 2013

Android ဖုန်း/Tablet များကို Pattern Lock ဖြုတ်နည်း (Manually)

ပို့စ်ရေးသားသူ- ကိုဇော်သူရိန်ထွန်း
Pattern Lock မေ့နေလို့ Android ဖုန်းပိုင်ရှင်တွေအတွက် Pattern Lock ဖြုတ်နည်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဖြေရှင်းနည်းမရေးခင် သဘောတရားကို အရင်ရှင်းပြပါရစေ။ Android ဖုန်းတွေမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Setting တွေအားလုံးဟာ Database ထဲမှာ သိမ်းထားတာ ဖြစ်ပါတယ်။ Ringtone ကအစ ဘယ်ဖိုင်ကို Ringtone အနေနဲ့သတ်မှတ်ထားတယ်၊ Volume ကို ဘယ်လောက်အထိ တင်ထားတယ်အဆုံး အားလုံးဟာ Database ထဲမှာ ရှိနေပါတယ်။
အခု Pattern Lock ပြဿနာဟာ ဖုန်းရဲ့ Lock Screen ကို Pattern နဲ့ဖွင့်လို့ရအောင် လုပ်မိပြီးကာမှ Pattern ကို မေ့သွားပြီးမှ အခါခါကြိုးစားရင်းနဲ့ မရတဲ့နောက်ဆုံးမှာ ဖုန်းက အလိုလို Lock ချပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ တကယ်တမ်းတော့ ဖုန်းရဲ့ Database ထဲမှာ ရှိတဲ့ lockscreen.lockoutpermanently ရဲ့ တန်ဖိုးဟာ အရင် 0 ကနေ 1 ကို ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီ 1 ကို 0 ပြန်ပြောင်းနိုင်ရင် ပြေလည်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Android ဖုန်းတွေမှာ အဲဒီလို Database အတွင်းပိုင်းကို ပြုပြင်ခွင့်ပေးမထားပါဘူး။ Root လုပ်ထားတဲ့ ဖုန်းတွေမှာသာ ပြုပြင်ခွင့် ရပါတယ်။ ဒါကြောင့် အောက်ပါနည်းလမ်းဟာ Root လုပ်ထားတဲ့ဖုန်းတွေမှာသာ အကျုံးဝင်ပါတယ်။ နောက်ပြီး ADB နဲ့ Command တွေသုံးပြီး ပြုပြင်မှာမို့ ကိုယ့်ဖုန်းဟာ အဲဒီလို ကွန်ပျူတာက Command တွေနဲ့တစ်ဆင့် ခိုင်းစေခွင့်ကို ခွင့်ပြုထားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် USB Debugging ကို အမှန်ခြစ် ထားဖို့ လိုပါတယ်။ Lock ကျသွားပြီမှ USB Debugging ကို ဖွင့်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အစကတည်းက USB Debugging ကို ဖွင့်ထားတဲ့
ဖုန်းတွေမှာသာ ရပါလိမ့်မယ်။ ကံကောင်းတာက အတော်များများဟာ USB Debugging ကို ဖွင့်ထားတတ်ကြပါတယ်။
အပေါ်ကအဆင့်တွေနဲ့ ကိုက်ညီပြီဆိုရင် အဆင်ပြေပါပြီ။ အရင်ဆုံး သူ့ရဲ့ settings.db လို့ခေါ်တဲ့ setting database ကြီးကို ကွန်ပျူတာထဲမှာ ကော်ပီကူးယူမယ်။ lockoutpermanently တန်ဖိုးကို 1 ကနေ 0 ပြောင်းမယ်။ ပြီးရင် ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်မယ်။ ဒါလေးပါပဲ။ ဘယ်ဆော့ဖ်ဝဲလ်တွေလိုလဲ
Android Debug Bridge(ADB) လို့ခေါ်တဲ့ Android ဖုန်းတွေကို Command နဲ့ အမိန့်ပေးခိုင်းစေ ပြုပြင်နိုင်တဲ့ Tool တစ်ခုလိုပါတယ် (အဲဒါက Google က
ထုတ်ပေးထားပါတယ်)။ နောက်ပြီး Database ထဲက အချက်အလက်တွေကို ဝင်ပြီးပြင်မှာမို့ Database Management Tool တစ်ခုလည်း လိုပါ့မယ်။ Android
က SQLite Database ကို သုံးထားတာမို့ sqlite ဆိုတဲ့ Database Management Tool တစ်ခု လိုပါတယ်။ နောက်ပြီး ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းရဲ့ Driver ကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားဖို့ လိုပါမယ်။
ဘယ်လိုအရည်အချင်းတွေလိုလဲ
Command Prompt သုံးစွဲနည်းကို သိထားဖို့လိုသလို ADB သုံးစွဲနည်းကို အနည်းငယ်သိထားဖို့လိုပါတယ်။ Database အကြောင်းကိုလည်း တီးမိခေါက်မိ ရှိဖို့လိုပါတယ်။
အောက်က link မှာပေးထားတာကို download အရင်ဆွဲထားပါ။
https://dl.dropboxusercontent.com/u/17993536/adb.zip က zip
Download လုပ်ဆွဲပြီးပြီဆိုရင် ဇစ်ဖိုင်ကို Extract လုပ်ပါ။ အဲဒီထဲမှာ adb ရယ်၊ sqlite ရယ် ပါဝင်ပါတယ်။
ဖြေရှင်းနည်း
၁။ ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်ပါ။ (Driver မရှိရင်တော့ Driver ကို ကြိုတင်ပြီး Install လုပ်ထားပါ)
၂။ Command Prompt ကိုဖွင့်ပါ။ adb ရှိတဲ့လမ်းကြောင်းဆီသွားပါ။ (ဥပမာ C:\adb) ကိုယ့်ဖုန်းကို adb က သိမသိ စမ်းဖို့လိုပါမယ်။ အဲဒီအတွက် adb devices ဆိုပြီး ရိုက်ထည့်လိုက်ပါ။ devices attached အောက်မှာ ID တစ်ခု ပေါ်လာရင် ဖုန်းကို adb က သိနေပြီ ဖြစ်ပါတယ်။
၃။ adb shell ဆိုပြီး ရိုက်ထည့်ပါ။
၎။ shell@android:/$ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အတွင်းပိုင်းတွေကို ၀င်ပြင်မှာဖြစ်တာမို့ root access ပြောင်းဖို့လိုပါမယ်။ su ဆိုပြီး ရိုက်ထည့်လိုက်ပါ။
၅။ shell@anroid:/# ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒီလိုမပြောင်းရင်တော့ root မလုပ်ရသေးလို့ ဖြစ်နိုင်ပါတယ်။
၆။ ဖုန်းထဲမှာရှိတဲ့ Database တွေသိမ်းထားတဲ့ Folder ဟာ ပုံမှန်အားဖြင့် ဖတ်လို့မရအောင် ကာကွယ်ထားပါတယ်။ ဒါကြောင့်မို့ chmod command ကို
သုံးပြီး Permission ကို ပြောင်းလဲဖို့ လိုပါတယ်။ အောက်က Command သုံးပြီး လုပ်လိုက်ပါ။
chmod 0777 /data/data/com.android.providers.settings/databases
ဒါဆို data/data/com.android.providers.settings ထဲက databasese ဆိုတဲ့ folder က Permission တွေ ပြုတ်သွားပြီဖြစ်ပါတယ်။ ဖျက်ပစ်တာ၊ ကော်ပီကူးယူတာတွေ လုပ်ခွင့်ရှိသွားပါပြီ။ shell ကနေ Control+C နှိပ်ပြီး ထွက်လိုက်ပါ။
၇။ အဲဒီ databases ထဲက settings.db လို့ခေါ်တဲ့ settings database ဖိုင်ကို ကွန်ပျူတာထဲကို ကူးယူပါမယ်။ အဲဒီအတွက် အောက်က command ကို သုံးပါ။
adb pull /data/data/com.android.providers.settings/databases/settings.db C:\adb
ဒါဟာ settings.db ဖိုင်ကို C:\adb ထဲကို ကူးယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
၈။ sqlite ကိုသုံးပြီး settings.db ကို ပြုပြင်ပါတော့မယ်။
sqlite3 settings.db လို့ ရိုက်ထည့်လိုက်ပါ။
command prompt ဟာ sqlite> ဆိုပြီး ပြောင်းလဲသွားပါလိမ့်မယ်။ sqlite စအလုပ်လုပ်နေပါပြီ။ .tables ဆိုပြီး ရိုက်ထည့်ကြည့်ပါ။ settings.db ထဲမှာရှိတဲ့
table တွေရဲ့ နာမည်တွေ တွေ့ပါလိမ့်မယ်။
အဲဒီမှာ pattern lock တန်ဖိုးက secure ဆိုတဲ့ table အထဲမှာ သိမ်းထားပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ system ဆိုတဲ့ table ထဲမှာ သိမ်းထားပါတယ်။
အခု ကျွန်တော်စမ်းသပ်ခဲ့တဲ့ ဖုန်းဟာ secret ဆိုတဲ့ table ထဲမှာ သိမ်းထားတာမို့ အဲဒီ table ထဲမှာရှိတဲ့ lockscreen.lockedoutpermanently ရဲ့ တန်ဖိုးကို 0 လို့ ပြောင်းလဲဖို့အတွက် အခုလို command ကို သုံးလိုက်ပါတယ်။
update secret set value=0 where name=’lockscreen.lockedoutpermanently’;
autolock ဖြစ်နေတာကိုလည်း အခုလို command သုံးပြီး ဖြုတ်ပစ်ပါတယ်။
update system set value=0 where name=’lock_pattern_autolock’;
Database ကို ပြုပြင်ခြင်း ပြီးဆုံးသွားပါပြီ။ .quite လို့ ရိုက်ထည့်ပြီး ထွက်လိုက်ပါ။ အခု ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်ပါ့မယ်။
အဲဒီအတွက် အောက်ပါ command ကို သုံးလိုက်ပါ။
adb push settings.db /data/data/com.android.providers.settings/databases/
ပြီးဆုံးပါပြီ။ ကိုယ့်ဖုန်းကို restart လုပ်ကြည့်ပါ။ Patter Lock ကျနေတာ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဆင်ပြေကြပါစေ။

Credit to ကိုဇော်သူရိန်ထွန်း & MMAS(www.myanmarmobileapp.com)

Sunday, June 16, 2013

Android ဖုန်းအားလုံးကို Root လုပ်နိုင်တဲ့ V Root v1.4.0



Android version 2.1 မှ Android version 4.2 အထိထွက်ထားသမျှဖုန်းအားလုံးနီးပါးကို root လုပ်နိုင်တယ်လို့နာမည်ကြီးနေတဲ့ Root Tool လေးဖြစ်ပါတယ်။ Samsung,Sony,HTC စတဲ့နာမည်ကြီး Android Brand တွေအပြင် အခြား Android ဖုန်း brand များ ၊ တရုတ်ဖုန်း/Tablet တွေတော်တော်များများကိုလည်း ဒီ tool လေးနဲ့ root နိုင်တာကိုတွေ့ရပါတယ်။ ရှိထားသင့်တဲ့ Service Tool လေးတစ်ခုပါပဲ။ V Root v1.4.0 ကိုအောက်က link မှာရယူနိုင်ပါတယ်

Mirror link:
V Root v1.4.0 (Link 1)
V Root v1.4.0 (Link 2)

Credit to MMAS(www.myanmarmobileapp.com)

Android ဖုန်းတွေမှာ Facebook ကခဏခဏ Log Out ဖြစ်သွားတာကိုဖြေရှင်းကြမယ် Share This Add to Delicious Share on FriendFeed Digg submit to reddit Tags



ပို့စ်ရေးသားသူ- Shwemanthar Nld , Thit Kat Pan (Myanmar Mobile Users Group
FB Page ထဲမှာ Bro တစ်ယောက်က ဖွဘုတ်ကြီး ခဏခဏ Log Out ဖြစ်နေလို့ ဆိုပြီး ဘိုလုပ်ရမလဲ ဆိုလို့ ပါ– အခုတော့ အဲ့လို Log Out ခဏခဏ မဖြစ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါပြီနော်
ကျွန်တော် သိတာနည်းနည်း ကြာပါပြီ သေချာ မသေချာ စမ်းကြည့်နေလို့ပါ– နောက်ဆုံးတော့ အဖြေထွက်လာခဲ့ပါပြီဗျာ–
ဘာလို့ Log Out ဖြစ်တာလဲ လို့ အဖြေရှာကြည့်တဲ့ အခါ အားလုံးနားလည်အောင်ပြောရရင် Connection မကောင်းလို့ပါ– FB ကို တစ်ခါ ဖွင့်တိုင်း Security Data ကို Server ကို လှမ်းလှမ်းပြီး ပို့ပေးရပါတယ်–တစ်ခါ Log In ၀င်ပြီးတော့ တစ်သက်လုံး ထိုင်သုံးလို့မရပါဘူး။ FB Application ကို ပထမ တစ်ခါ စပြီး Log in ၀င်မှ မဟုတ်ပါဘူး ခဏ ထွက် ပြန်ဖွင့် လည်း Security Data လှမ်းတောင်းနေပါတယ်–
{အခုနောက်ပိုင်းမှ ထပ်တိုးလာတဲ့ Security ဖြစ်ပါလိမ့်မယ်}
အဲ့ မှ ကွိုင်တာက မိမိရဲ့ Connection က ကျနေ တာပါ–
ဥပမာ အလုံခန်းထဲ ရောက်နေတာမျိုးတို့။ Data တွေ မသွားတာ မျိုးတို့ ဖြစ် တတ်ပါတယ်။ လူပိန်းလိုပြောရင်တော့ Data တစ်နေတာပေါ့နော်–
မြန်မာနိုင်ငံ မှာ အများဆုံးဖြစ်ပါလိမ့်မယ်–
ကျွန်တော် ကိုယ်တိုင် Fiber လိုင်းသုံးနေတာ တောင် နေ့တစ်ပိုင်းကို တစ်ခါလောက် ရပ်ရပ်သွားတဲ့ အဖြစ်မျိုးပါ– သုံးရင်တန်းလန်းနဲ့ လိုင်းပြုတ်ပြီး Caution Mark ပေါ်လာတာက အတော်ကို စိတ်ညစ်ရပါတယ်
အားလုံးပဲ ဖြစ်ဖူးကြမယ်ထင်ပါတယ်–
မိမိ Mobile Phone နဲ့ Laptop က အင်တာနက်ကို သုံးတဲ့ အခါမှာ ဟင် အင်တာနက်လဲ မရဘူးဆိုပြီးတော့ ဘာဖြစ်တာလဲ မသိဘူး ဆိုပြီး တော့လေ
ကျွန်တော့်ကိုလာ လာမေးလို့ ဖြေရတာလဲ အမောပါပဲ တစ်ယောက်မကပါဘူး အယောက် ၂၀ ၃၀လောက်ရှိပါတယ်–
အဲ့ဒါက ဘာမှ မဟုတ်ဘူး Data ဆွဲအားနည်းလို့ လို့ တကယ်က စက်က error မဟုတ်ပါဘူး
Mobile Data ကို ဆွဲတဲ့ အားက 7kb/s တို့ 0.8kb/sတို့ လောက်ပဲ ရှိတာ ကွန်ပျူတာနဲ့ တွဲသုံးတာ Webpage ဘယ်ဖွင့်ရပါ့မလဲ ဗျာ– အဲ့လိုပေါ့
အခုလဲ အဲ့လို Data ဆွဲအား မကောင်းတဲ့ အချိန်မှာ သွားပြီး Facebook သွားဖွင့်ပါတယ်– သွားဖွင့်တော့ FB Server ကနေ လှမ်းပြီးတော့ Security Data တွေ တောင်းပါတယ် ဒီဘက်က မြန်မာ Connection နဲ့ တိုးပါတယ် ကဲ Security Data ကို Server ထိရောက်အောင် မပို့နိုင်ဘူး။
ဒီတော့ Server က account ကို ဖြုတ်ချပါတယ် ရိုးရိုးရှင်းရှင်းလေးပါပဲ—
Reverse >> ထို့အတူ မိမိလိုင်းက မကောင်းဘူး အဲ့အချိန်မှာ ကိုယ်က FB ကို Log Out လုပ်ချင်တယ် Log Out လုပ်လိုက်တယ် ။ Webpage မှာ Connection ပြတ်သွားတယ် ပြန်ဖြုတ်ပြန်တတ်တယ်– Log in page ကိုရောက်မနေပါ– မိမိရဲ့ Home ကို Log in ၀င်ပြီး သာလေးပဲ ဖြစ်နေပါတယ်–
{ဘာလို့လဲ ဆိုတော့ ဒါကလဲ ရှင်းရှင်းလေးပါပဲ– ကိုယ် Log out လုပ်ချင်လို့ Log Out လုပ်မဲ့ Data ကို Send လိုက်တယ် Send နေတုန်း တန်းလန်း လိုင်းပြုတ်သွားတယ်။ ဒီတော့ Server က Bro ကသွားပြီး Log Out လုပ်မှန်း မသိတော့ နောက်တစ်ခါ FB ဖွင့် မိမိ အကောင့် ၀င်ပြီးသားလေးပဲ ဖြစ်ပါတယ် :) }
” ဟင် ငါ FB သုံးနေတာ အကောင်းပြီး ဘာလို့ Log Out ဖြတ်တာလဲ။ သုံးတာဖြင့် ၁နာရီလောက်ရှိပြီ အခုမှ ခဏခဏ ပဲ ဆိုပြီပြောပါတယ်– ”
FB Application ရဲ့ Error မဟုတ်ပါဘူး… ကိုေ၇ွှလိပ် MPT ကြောင့်ပါလို့ ပြောကြားချင်ပါတယ်–
FB ရဲ့ Secutrity ထပ်တိုးထားတာရယ် ကိုကို MPT ရယ်ဆိုတော့ Log Out တော့တာပေါ့ဗျာ–
ကဲ ဒီလောက်ဆို သဘောပေါက်ပြီလို့ထင်ပါတယ်–
ဘယ်လိုဖြေရှင်မလဲဆိုတော့ Android ဖုန်းတွေမှာ ဆိုရင် Settings >> Accounts ဆိုပြီး ပါတတ်ပါတယ်–
Samsung ဖုန်းတွေမှာ တော့ ပါပါတယ်– ကျွန်တော်က တခြားဖုန်းတွေ ကို မကိုင်နိုင်တော့ သိပ်မသိတာကို ခွင့်လွှတ်ပေးစေချင်ပါတယ်-
အဲ့ မှာ FB အတွက် ဆိုတာ ကို သွားပြီးတော့ Sync လုပ်ပေးပါ ပုံမှာလိုလေးပါ– အဲ့မှာ Account နဲ့ Password ထည့်ထားရပါမယ်– ဘာအတွက်လဲ ဆိုတာ အောက်မှာရှင်းထားပါတယ်–
ဒီလို အကောင့်ထည့်ထားခြင်းဟာ မိမိ Android နဲ့ Server ကို ချိတ်ထားခြင်းပါ—
အပေါ်က ပုံမှာ မြင်ရပါလိမ့်မယ်– Dropbox, Facebook, Google အားလုံးပါပဲ–
ဒါနဲ့ ပြောပြရဦးမှာ Android ဖုန်းမှာ Log Out ခဏခဏ ဖြစ်တာက Facebook တစ်ခုထဲ မဟုတ်ပါဘူး ဆိုတာ ကြိုပြောထားပါရစေ–
Google Account လဲ ဖြစ်ပါတယ်– အားလုံး ဖြစ်မှာပါပဲ–
ကဲ Google ရဲ့ Security ကတောင် Facebook ထက်ပိုမြင့်ပါသေးတယ်–
မယုံရင် Google အကောင့်ကို မြန်မာ နိုင်ငံ IP နဲ့ လုပ် ပြီး US IP နဲ့ ၀င်ကြည့်ပါ– Webpage ရယ် Email Application မှာ Password ရော Username ရော မှန်နေတာတောင် ၀င်လို့ မရပါဘူး :)
Facebook က US IP နဲ့ ၀င်ဝင် Chinese IP နဲ့ ၀င်ဝင် အဲ့လို တားမြစ်ထားတာ မရှိပါဘူး။
Skype တို့ Dropbox တို့ကျ မရှိဘူးလို့ မေးပါလိမ့်မယ်– သူတို့က အဲ့လောက်ထိ Security မလိုအပ်သလဲ အဲ့လောက်ထိလဲ Security ကြပ်မထားပါဘူး
Hacker တွေအားလုံးက FB, Twitter နဲ့ Google ကိုပဲ အာရုံထားကြပါတယ် :)
ဒီတော့ မေးစရာ ရှိပါတယ် ဘာလို့ Google ကကျ Log Out မဖြစ်လဲ ဆိုတာ Android ဖုန်း တစ် လုံးကို စပြီး ၀င်တယ် ဆိုကတည်းက Google Play ၀င်ရင်ပဲ ဖြစ်ဖြစ် ။ Gmail, Talk သုံးရင်ပဲ ဖြစ်ဖြစ် Google Account ကို ထည့်လိုက်ရပြီးသားပါ–
အဲ့ကတည်းက တစ်ခါထည်း Account Info Data တွေအားလုံး Accounts ထဲမှာ Sync လုပ်လိုက်ပြီးသားပဲ
အာ့ကြောင့် Server နဲ့ Account Info က ချိတ် နေပြီးသား ဖြစ်လို့ Log Out ဖြစ်ခြင်း၊ Log In ၀င်မရခြင်း ဆိုတာ မရှိပါဘူး :)
Facebook မှာက Android ဖုန်းတွေမှာ Original ပါတဲ့ ကောင်မဟုတ်ပါဘူး
အာ့ကြောင့် Facebook မှာ Account ကို Auto Sync လုပ်ထားလို့မရပါဘူး–
မိမိကိုယ်တိုင် သွားပြီး Sync လုပ်ထားရမှာပါ–
အားလုံးနားလည်အောင်ပြောရရင် Settings ထဲက Account ဆိုတာ Universal Server ကြီးပါပဲ {Facebook ဖက်က Server မဟုတ်ပါ မိမိဖက်က သူတောင်းတဲ့ Data ကို ပြန်လွှင့် ကိုယ်လိုအပ်တဲ့ Data ကို ပြန်ယူတဲ့ Server }– မိမိ Data Info အားလုံးကို အဲမှာ သိမ်းဆည်းထားရင် လိုအပ်တဲ့ အချိန် လိုသလို သူက Data ယူသုံးနေပါလိမ့်မယ်
အကယ်လို့ အဲ့မှာ Sync မထားရင် Application နဲ့ FB ရဲ့ Server တိုက်ရိုက် ဆက်သွယ်ရတဲ့ အတွက် Data အလုံအလောက် မရရင် သူက လိုင်းပြုတ်နေဦးမှာပဲ
အာ့ကြောင့် မိမိ ဖုန်းကနေ Log Out ခဏခဏ မဖြစ်ချင်ရင် Settings >> Accounts ထဲမှာ မိမိရဲ့ FB
, Google, သက်ဆိုင် အကောင့်များကို ထည့်ထားလိုက်ပါလို့ ပြောကြားပါရစေဗျာ–
အဲ့လို အကောင့်ထည့်ထားခြင်းအားဖြင့် Data တော့ ပိုကုန်ပါတယ် ဒါပေမဲ့ အားလုံးက အဆင်ပြေတယ်လေ :)
တစ်ယောက်ယောက်က ကိုယ့်ကို Mail ပို့လိုက်ရင် ကိုယ်က တန်းသိတယ် ။ ကဲ Log In ၀င်စရာ မလိုဘူးမလား။ Gmail က Auto Data ကို Google Server နဲ့ အပေးအယူလုပ်နေတာပေါ့
ကဲ ဒီတော့ ဖြေရှင်းနည်းလဲ ပြောပြီးပြီ။ တရားခံလဲ ပြောပြီးပြီ။ ကိုယ့်ဖာသာကို အဖြေရှာကြတော့
Iphone တို့ မှာလဲ Log Out ခဏခဏ ဖြစ်တယ်ပြောပါတယ်။ ကျွန်တော့်က Iphone မရှိတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိဘူးဖြစ်နေပါတယ်–
တချို့ မှာ Accounts ဆိုတာ မပါဘူး ပြောတယ် ရှိမှာပါ— Auto လုပ်ထားပေးလို့ဖြစ်ပါလိမ့်မယ်လိုပြောပါရစေ–
ကဲ ဒီလောက်ပါပဲ ဆက်လက်ပြီးတော့ Research လေးများ လုပ်သွားဖို့ရှိပါတယ်–
ကျွန်တော်တော့ အခု အချိန်ထိ Log Out လုပ်လို့ ပြန်ဝင်ရတယ်ဆိုတာ အခု ဒီ ကောင်လေးရေးဖို့ Log Out ပုံကို Screenshot ရိုက်တာလေးပဲ ရှိသေးတယ် လို့ပြော၇င် နိဂုံးချုပ်အပ်ပါတယ်။

Credit to Ko Thet Naing Soe MMAS (www.myanmarmobileapp.com)

Friday, June 14, 2013

HUAWEI Ascend D1 U9500 Firmware


Ascend D1-U9500-1 (Android 4.0.3) V100R001CHNC00B118(Generic Version)(Official Shipped Version)


Ascend D1 (U9500-1, Android 4.0) V100R001CHNC00B122 (Generic Version)


Ascend D1 (U9500-1, Android 4.0) V100R001CHNC00B126 (Generic Version)

အားလုံးပဲ အဆင်ပြေကြပါစေဗျာ….
အကို စိုင်းခိုင်တင့် (mrprincez.mmcyber@gmail.com) နှင့်တကွ
MMSD (www.myanmarmobilesoftwaredeveloper.com) အား
အထူးကျေးဇူးတင်ပါတယ်

U8825D,C8825D,U8950D,C8950 Root Tool Kit

ဒီ Tool လေးကတော့ U8950D,C8950D,C8825D,U8825D တို့ကိုအချိန်တိုအတွင်း Root လုပ်နိုင်မှာပါ…..
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..
Download Here
ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
Screenshot - 3_18_2013 , 5_50_26 PM
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..
Screenshot - 3_18_2013 , 4_07_16 PM
ပြီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ Ready To Root ကိုနှိပ်ပြီး
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..
ဖြိုးချမ်း

ကိုဖြိုးချမ်းကိုကျေးဇူးအများကြီတင်ပါတယ်ဗျာ

Credit to MMSD(www.myanmarmobilesoftwaredeveloper.com)

Android 4.2 တွင် Beanfinger ဖြင့် Unlock ပြုလုပ်ခြင်း

 

Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream ဆိုတဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ Daydream ဟာ Screensaver နဲ့ သိပ်မကွာခြားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ Daydream ကို အသုံးပြုမယ်ဆိုရင် Default အဖြစ် ငါးမျိုး ထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ Daydream Feature ကို အသုံးပြုပြီး သင့်ရဲ့ Android Device ကို Lock စနစ် ပြုလုပ်မယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

Daydream ကို အသုံးပြုဖို့အတွက် ပထမဦးဆုံး သင့်ဖုန်းဟာ Android 4.2 ကို အထောက်အပံ့ပေးထားတဲ့ ဖုန်းအမျိုးအစား ဖြစ်ဖို့လိုပါတယ်။ လက်ရှိရောက်နေတဲ့ Firmware Version ကို ကြည့်ဖို့အတွက် Settings အောက်က About Phone ဆိုတဲ့နေရာကို ရွေးချယ်ပြီးဝင်ရမှာ ဖြစ်ပါတယ်။ About Phone ထဲကို ရောက်ပြီဆိုရင် Android Version ဆိုတဲ့ နေရာမှာ သင့်ဖုန်းရဲ့ Android Version ကို တွေ့ရမှာဖြစ်ပါတယ်။ 4.2 Version မဟုတ်သေးဘူ ဆိုရင်တော့ ပထမဆုံး Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် Settings အောက်က System Update ဆိုတာကို ရွေးချယ်ပေးရပါမယ်။ သင့်ဖုန်းအတွက် Android 4.2 Version ကို အထောက်အပံ့ ပေးထားပြီဆိုရင် System Update မှာသာ ပြသမှာ ဖြစ်ပါတယ်။ အဲဒီကနေ Download ပြုလုပ်ပြီး System Upgrade ပြုလုပ်သင့်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီဆိုရင်တော့ သင့် Android Phone ဟာ Version 4.2 ကို ဖြစ်နေပါပြီ။ Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream Feature ကို အသုံးပြုပြီး Bean- Flinger နဲ့ သင့် Hand Set ကို Unlock ပြုလုပ်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေအတိုင်း ပြုလုပ်ပေးရပါမယ်။

Settings ထဲက Display အောက်မှာ Daydream ဆိုတဲ့ Feature ကို အရင်ဆုံး သွားဖွင့်ထားရမှာ ဖြစ်ပါတယ်။ Daydream ကို ဖွင့်ပြီးပြီဆိုရင်တော့ နာရီနဲ့ ပြုလုပ်ချင်တာလား ဒါမှမဟုတ် Bean-Flinger, Colors, Currents, Photo Frame, Photo Table အစရှိတာတွေကို နှစ်သက်ရာ ရွေးချယ်ပြီး ထားနိုင်မှာ ဖြစ်ပါတယ်။ Bean Flinger ကို အသုံးပြုဖို့အတွက် Screen ရဲ့ အလယ်မျက်နှာပြင်ကို ဖိထားရပါမယ်။ ဖိနှိပ်ထားတဲ့အချိန်မှာ Jelly Bean ထည့်သွင်းထားတဲ့ Device ဟာ တုန်ခါမှုနဲ့အတူ တက်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လှုပ်ရှားမှုတွေနဲ့ အလုပ်လုပ်နေတဲ့ Screen Saver ဆန်ဆန် Daydream Feature ကို သင့်ရဲ့ Device Screen အထက်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Daydream Feature ဟာ Android Version 4.2 ပေါ်မှာသာ ပါဝင်တဲ့အတွက် Daydream ကို သုံးစွဲမယ့်သူတွေရဲ့ Android Device ဟာ Android Version 4.2 ကို အထောက်အပံ့ပေးတဲ့ Device တွေ ဖြစ်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

Credit: Internet Journal & MMSD(www.myanmarmobilesoftwaredeveloper.com)

S Advance i9070 4.1.2 တွေကို အလွယ်ဆုံး Root,Font,Keyboard သွင်းနည်း

အရမ်းကိုလွယ်မယ်ထင်ပါတယ်….
ပို့လဲအရှည်ကြီးရေးစရာမလိုဘူး
Root Access , Myanmar Fonts , FrozenKeyboard Pro တို့တစ်ခါထဲ
ဝင်သွားမယ်။ ဘာ Error မှလဲမရှိဘူး။
ပြောနေကြာပါတယ်။
ဒီဖိုင်ကိုဒေါင်းလိုက်
MMSD Special Zip    http://d-h.st/jrj
Linkကိုနှိပ်လိုက်ရင် adf.ly ဆိုသောဆိုက်တက်လာပါလိမ့်မည် Skip ad ကိုနှိပ်၍ဒေါင်းပါ

ပြီးသွားရင် Zip ဖိုင်အလိုက် SD Card ထဲထည့်လိုက်
ဖုန်းကို ပါဝါပိတ်လိုက်
Volume up + Power + Home ကိုဖိနှိပ်ထားလိုက်
Recovery Mode ၀င်ရင်
Install zip From External Storage ကိုင်ဝင်
MMSD Special Zip ကိုရွေးပေးလိုက်။
Reboot System Now နှိပ် ပြန်တက်လာရင် Root Access, Myanmar Fonts,Frozenkeyboard Pro အကုန်ရပြီ

 Credit to MMSD(www.myanmarmobilesoftwaredeveloper.com)  ^_^







ဓါတ်ပုံကို ခဲခြစ်ပန်းချီအဖြစ်ပြောင်းလဲပေးမယ့် XnSketch Pro v1.15 Apk Fro Android


http://2.bp.blogspot.com/y24MEmMrtDWGfbub4y82r3ShkTMNdGWCHAqldhN-R3SdkiAXUTMJ5xILdBQ3ZcofgI3i

အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ကျွန်တော်လည်းတော်တော်ကြီးကိုသဘောကျပါတယ်ဗျာ။ မိမိတို့ရဲ့ဓါတ်ပုံတွေကို ခဲခြစ်ပန်းချီ အဖြစ်ဖန်တီးယူပေးနိုင်တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ အောက်မှာ လည်းနမူနာဆွဲထားပြီးသားပုံလေးတွေကို အစမ်းသဘောတင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်လည်းဆွဲပြီး သွားပြီဗျ ကျွန်တော့်ပုံတော့မတင်ပေးတော့ပါဘူးနော်။ဟဲဟဲဟဲ ကိုယ့်ရဲ့ အချစ်ဆုံး ပုံတွေကိုခဲခြစ်ပန်းချီလေး
လုပ်ပြီးသာပေးလိုက် ကြိုက်သွားမှာသေချာတယ်ဗျာ။ ကိုယ်တိုင်အစွမ်းအစမ ရှိတော့လည်းရှိတဲ့သူတွေကို
ဘဲ ပါရမီဖြည့်လိုက်ပါတယ်ဗျာ။


http://1.bp.blogspot.com/bWSkIMkvZa6CvbtxnWRdBwhEpTBDP0UWAoPl1T69XIE2pla_ll3a8k4FGbrd1higpII 

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Credit to www.pyaephyo.com

N9300 (Spreatrum) CWM Recovery

N9300 (Spreatrum) လေးရဲ့ CWM Recovery လေးပါ။
Download Here
http://www.mediafire.com/download/372dgjmtxxpjkm9/N9300_CWM_Recovery_By_Phyo_Chan.rar
အခုပေးထားတဲ့ PAC ဖိုင်လေးကို Research Download ကနေ ပုံမုန်အတိုင်း Flash လုပ်လိုက်ရင်ရပါပြီ။
ဒီလိုပုံစံအတိုင်းလုပ်ရမှာပါ။
သွင်းရမဲ့နည်းလမ်းကို အောက်က Link မှာကြည့်လိုက်ပါ။
http://www.myanmarmobilesoftwaredeveloper.com/?p=7118
ကဲအားလုံးအဆင်ပြေပါစေ

Credit To MMSD (www.myanmarmobilesoftwaredeveloper.com)

IMG_20130612_104523


IMG_20130612_104537


IMG_20130612_104206







IMG_20130612_104359

Metal Gear : Outer Heaven Part 2

unnamed 100604012537979572  unnamed12
Play Station 1 & 2 မှာ Metal Gear Solid တို့ Liquid တို့ဆော့ဖူးတယ်ဟုတ် …
ခုလဲ Android အတွက်ထွက်လာပါပြီ …
ဒီမှာဒေါင်းဗျာ
Install APK,
Place data folder in SDcard/Android/obb/ and play
 

Huawei C8813/C8813D,G520-0000,Y300-0000,Y300C,G510-0010 အကုန် ROOT လုပ်မယ်

စမ်းချင်ရင်လဲစမ်းကျပေါ့ဗျာ ကျနော့်မှာတော့စမ်းစရာကုန်ပီရှိသမျှ ပဲ…..
အရင် ROOT အဆင်မပြေတဲ့ ဖုန်းတွေပါ..မလွယ်တဲ့ဖုန်းတွေပါ C8813 တို့ G510 တို့ကတော့ Code တောင်းပီးလုပ်လဲရပါတယ်..ဒါပေမဲ့ကြာတာပေါ့နော်…ခုနည်းကတော့ မြန်တယ်မှန်တယ်….dload နဲ့လို့တော့မထင်နဲ့နော်အဲကောင်က [dload] က error အပြည့်နဲ့ဗျ…[ သူများပြောတာပြန်ရွီးးးတာ ]…အခုဟာက TOol လေးတခုပေါ့….နာမည်လဲကြီးတယ်သိလဲသိကြပြီးသားးးပါ…..အရင် version တွေကတော့အဆင်မပြေလောက်ဘူးးးးအခု version အသစ်ကတော့တော်တော်အိုကေတယ်….. VROOT ဆိုတဲ့ TOOl လေးပါ…. version က 1.4 ပါ…အရင်ဒေါင်းသွင်းထားလိုက်နော်….
VROOT 1.4 ဒေါင်းရန်……
ပြီးရင်…ဖုန်းကိုကွန်ပြူတာနဲ့ချိတ်…Device သိနေပြီဆိုရင် VRoot က ခလုတ်လေးနှိပ်ပေးလိုက်ပါ တရုတ်စာနဲ့ဆိုတော့ ဘာရေးထားလဲတော့တိဝူးးး ROOT လို့ရေးထားတာထင်တာပဲ

အာ့လေးနှိပ်လိုက်နော်…ဖုန်းက Recovery ထဲရောက်သွားလိမ့်မယ်….ခနစောင့်ပါစောင့်နိုင်ရင်စောင် ပါ Reboot ဖြစ်ပါမယ်..မစောင့်နိုင်လဲ Reboot system now လေးနှိပ်ပေးလိုက်ပါ… VRoot
မှာအမှန်လေးပေါ်သွားပြီးဖုန်းပြန်တက်လာရင် Superuser ရနေပါပြီ…
unroot ပါတခါထဲပြောပြပါမယ်… ကွန်နဲ့ချိတ်ပါ….MTP Mode နဲ့ထားးးပါ…. unlock root ဖွင့်ပြီး unroot ခလုတ်လေးနှိပ်ပေးပါ Reboot ပေးခိုင်းပြီးပြန်တက်လာရင် unroot ဖြစ်ပါပြီ…..
အဆင်ပြေကြပါစေကျနော်စမ်းထားသလောက်ဘာ error မှ မတက်လာပါဘူးးး….

Credit To MMAS(www.myanmarmobileapp.com)

Thursday, June 13, 2013

Emotion UI ပါဝင်သော Huawei ဖုန်းများတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်ခြင်း (၂)



Huawei Emotion UI Xperia Z Theme’ Creator- Ko Han Zaw Oo
Huawei Emotion UI ပါဝင်တဲ့ဖုန်းတွေအတွက် Sony Xperia Z theme လေးကိုတင်ပေးလိုက်ပါတယ်။ အဲဒီ Theme မျိုး မိမိတို့ရဲ့ hauwei ဖုန်းမှာပါတယ်ဆိုရင် default ပါတယ်ဆိုရင်အခုပြောမယ့်နည်းလေးနဲ့မြန်မာစာထည့်နိင်ပါတယ်။ စံပြဖောင့်ကိုအသုံးပြုထားပါတယ်။ Root လုပ်စရာမလိုပါဘူး။ ဒီ Sony Xperia Z Huawei Theme font လေးကိုရေးသားထားသူကတော့ ကိုဟန်ဇော်ဦး (MPX Team) ဖြစ်ပါတယ်။ လိုအပ်တဲ့ Theme file လေးကိုအောက်က link မှာရယူပါ။
Sony Xperia theme font အားရယူရန်



ရယူပြီးပြီဆိုရင်တော့ download လုပ်လို့ရလာတဲ့ XperiaZ.hwt ဖိုင်လေးကို ဖုန်းရဲ့ Internal Storage ရဲ့ HWThemes/DiyTheme folder ထဲမှာသွားထည့်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ application တွေထဲက Themes ထဲကိုဝင်ပါ။ Xperia Z theme ကိုရွေးပေးပါ။ Apply ကိုနှိပ်ပါ။ ပြီးလျှင် Theme with font ကိုရွေးပေးပါ။ ဖုန်းက reboot ကျသွာုးပါလိမ့်မယ်။ ဖုန်းက ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ Xperia Z ဒီဇိုင်းလေးနဲ့ဖြစ်ပြီး မြန်မာလိုမြင်နိုင်ရေးနိုင်ပြီဖြစ်ပါတယ်။ စာရိုက်ဖို့အတွက်ကတော့ Frozen Keyboard Pro ကိုဖုန်းထဲမှာသွင်းထားရပါမယ်။

Credit To MMAS(www.myanmarmobileapp.com)

Tuesday, June 11, 2013

HUAWEI THEME လေးတွေကိုယ်တိုင်လုပ်ရအောင်နော်

cover
အဲကိုယ်တိုင်မလုပ်ခင်ကျွှန်တော် လုပ်ထားတဲ့ Xperia Themes လေးကို အရင်ဒေါင်းလိုက်ပါ။
Download Here    http://www.mediafire.com/?tctwu3u55oon4f8
ပြီးသွားရင်တော့ rar ကို Extract လုပ်လိုက်ပါ။
Xperia Z Themes MMSD ကိုတွေ့ရပါလိမ်မယ်..







preview_fonts_0



preview_icons_0




preview_launcher_0

ဒါဆိုရင်တော့ လုပ်နည်းကိုလေ့လာရအောင်နော်
ဒာရင် S4 Themes ကိုဒီနည်းနဲ့ လုပ်ထားတာမဟုတ်ပါဘူး
ကျွှန်တော်တို့လုပ်တုန်းက တော်တော်လေးလက်ပေါက်ကပ်တာပေါ့
အခုတော့အဆင်ပြေပါပြီ
ဒီ PC suite ကိုလဲ ဒီမနက် ကိုဖြိုးညီညီတင်ပေးတာတွေ့မှမြင်ဘူးတာပါ။
Hi suite နဲ့ကတော့မစိမ်းပေမဲ့ မသုံးဖူးပါဘူး
ကဲ ကိုဖြိုးညီညီတင်ပေးထားတဲ့ Hi suite ကိုပဲဒေါင်းလိုက်နော်
Download Here   http://www.mediafire.com/?glswzy26zet5f7c
ပြီးသွားရင်တော့ Hisuite ကိုဖွင့်လိုက်ပါ။
Screenshot - 6_11_2013 , 3_56_59 PM

ပြီးရင်အောက်ဆုံးက Emotion UI Tool ကိုနှိပ်လိုက်ပါ။

Screenshot - 6_11_2013 , 4_20_55 PM

Start Up Themes UI Tool ကိုနှိပ်လိုက်ပါ။


Screenshot - 6_11_2013 , 4_44_12 PM
ပြီးသွားရင်တော့ မိမိ ပြင်ဆင်မဲ့ Hwt ဖိုင်ကိုရွေးပေးရပါမယ်။
open ကို နှိပ်ပြီးရွေးပေးလိုက်ပါ။
Screenshot - 6_11_2013 , 4_52_53 PM
ကဲဒါဆိုရင်တော့ ပြင်ဆင်လို့ရပါပြီ။
Title မှာ မိမိ Themes နာမည်ကိုပြောင်းပါ။
Author တို့ဘာတို့မှာလဲ ကိုယ်နာမည်ထည့်ပေါ့။
Wallpaper မှာ မိမိ အသုံးပြုမဲ့ Wallpaper ကို ထည့်ပေးရုံပါပဲ
ထည့်နည်းကိုပြောပြပေးပါမယ်။
Wallpaper Size ကတော့ 960 x 854 ပါ။
အဲ Size ရှိတဲ့ Wallpaper ကို မူရင်းနေရာမှာအစားထိုးရပါမယ်…
Wall Paper ကိုနှိပ်လိုက်ပါ။
မူရင်းနှစ်ခုကိုတွေ့ရလိမ့်မယ်…
Screenshot - 6_11_2013 , 5_23_37 PM

ပြီးသွားရင်တော့ Photo တွေရဲ့ အောက်မှာ Size ကိုရေးထားတာတွေ့ပါလိမ့်မယ်..
Home_wallpaper ဆိုတာကတော့ Main Wall paper ဖြစ်သလို Unlock-Wallpaper ဆိုတာကတော့ Lock Screen မှာသုံးဖို့အတွက်ဖြစ်ပါတယ်။
ကဲ ပြီးရင် Change locally ကို နှိပ်လိုက်ပါ။ မိမိရဲ့ ပုံကို အစားထိုးပြီးရင် အောက်က Confirm ဆိုတာကိုမမေ့ပါနဲ့။
ဒါဆိုပြောင်းလို့ရပါပြီ။
ဒီနည်းလမ်းနဲ့ပဲအားလုံးကိုပြောင်းရမှာပါ။
icon တွေ Lock Scrren အကုန်ပြောင်းလို့ရပါတယ်။
ကိုယ်စွမ်းရှိသလိုပြောင်းကျပါ။
အားလုံးပြီးသွားရင်တော့ ညာဘက်ဒေါင်စွန်းက Pack Local ကိုနှိပ်ပြီး Save လုပ်လိုက်ပါ။
Screenshot - 6_11_2013 , 5_32_08 PM
ပြီးသွားရင်တော့ သိမ်းမဲ့နေရာကိုရွေးပေးရပါလိမ့်မယ်..
မိမိရဲ့ကိုယ်ပိုင် Themes ရပါပြီ။
Themes သွင်းနည်းကတော့ ဒီမှာလေ့လာလိုက်ပါ။
http://www.myanmarmobilesoftwaredeveloper.com/?p=7236
မှတ်ချက်။        ။ ဒီ Themes တွင် မြန်မာစာထည့်ပြီးသားဖြစ်ပါတယ်။
ဒီ Themes ကိုစိတ်တိုင်းကျပြင်ဆင်နိုင်ပါတယ်။

Credit to MMSD(www.myanmarmobilesoftwaredeveloper)
Related Posts Plugin for WordPress, Blogger...