Wednesday, June 19, 2013

Samsung Galaxy S4 LTE GT-I9505 အား Root လုပ်မယ် CWM Recovery သွင်းမယ်

Samsung ရဲ့ နာမည်ကျော် နည်းပညာမြှင့်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S4 LTE GT-9505 ကို root လုပ်နည်းလေးဖြစ်ပါတယ် ။ မြန်မာပြည်ဈေးကွက်ထဲမှာလည်းစတင်ရောက်ရှိလို့လာနေပါပြီ ။ Samsung Galaxy S4 ၀ယ်တဲ့အခါ မိမိဖုန်းကို ကိုယ်တိုင်ကိုယ်ကျ root လုပ်နိင်ဖို့ လုပ်နည်းလေးကိုတင်ပေးလိုက်ပါတယ်။
ပထမ မိမိရဲ့ ဖုန်းဟာ    Galaxy S4 LTE GT-I9505 … firmware    XXUBMEA ဖြစ်မှသာ ဒီ root ကို စမ်းသပ်နိုင်မှာဖြစ်ပါတယ် ..မိမိဖုန်းမှာ USB Debugging ကိုအမှန်ခြစ်ပြီးသားဖြစ်ရပါမယ်။
ပထမဆုံးလိုအပ်တဲ့ ဖိုင်တွေ အရင်ဒေါင်းရပါမယ် ..
ဒါက Samsung Driver ပါ..   …….           Samsung Driver ဆော့ဝဲလ် အားရယူရန်
ဒါက  Odin3-v 3.07 ပါ ……………….Odin3-v3.07 အားရယူရန်
ဒါက root tool လေးပါ…………………..CF-Auto-Root Package  အားရယူရန် (ဒေါင်းပြီးသွားလို့ Zip ဖြေစရာမလိုပါဘူး။ဖြည်ပြီးသားပါ)
အားလုံးဒေါင်းပြီးသွားရင် Driver ကို ကွန်ပျူတာမှာရမ်းထားပါ.. ပြီးရင်   Odin ကို ကွန်ပျူတာမှာ ဖွင့်လိုက်ပါ ..
Odin  ရဲ့  PDA အကွက် မှာ အထက်ပါ zip ဖြေထားတဲ့အထဲက  CF-auto-root-gti9505.tar.md5 ဆိုတာလေး သွင်းထားလိုက်ပါ ..
ပြီးရင် ဖုန်းကိုပိတ်  download mode ကို  vol –  power  home တွဲနှိပ်ပြီး ၀င်ပါ့မယ် ..
vol+  ထပ်နှိပ်ပါ.. downloading ဆိုပြီးရပ်နေပါမယ် .. အဲဒါဆိုရင် downlaod mode ရောက်ပါပြီ..ဒီပုံစံလေးပါ..
အဲလိုမှ မဟုတ်ရင် ဆက်လုပ်လို့မရပါဘူး..
ပြီးရင် USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ ..  ခဏစောင့်ပါ..  Odin ရဲ့  ID.com အောက်နားမှာ အရောင်(အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်) လေး သန်းနေပါလိမ့်မယ် ..
ဒီလိုလေးပါ..
အဲဒါမှ ဆက်လုပ်လို့ရပါမယ် ..အဲလိုအရောင် မပေါ်ရင် Driver /USb ကြိုးတွေကို ပြန်စစ် ပြန်သွင်းရပါမယ် ..
အရောင်လေးပေါ်လာရင် Odin ရဲ့ Start ခလုတ်လေး နှိပ်လိုက်ပါ .. သူ့ဟာသူအလုပ်လုပ်နေပါလိမ့်မယ် ..ခဏအကြာမှာ  odin မှာ  PASS ပြပါမယ် ဒီလို ပုံစံလေးပါ.
..အဲဒါဆို၇င် မိမိဖုန်း root လုပ်ခြင်းပြီးပါပြီ..
မှတ်ချက်။ ။ တခါတရံဖုန်းကRoot ပြီးသော်ဖုန်းက Recovery Mode (or) Root မရဖြစ်တတ်ပါတယ်။အဲ့ဒီအခါကျရင် ဖုန်းကဘက်ထရီကိုဖြုတ်ပြီးပြန်တပ်ပြီးသောအခါ Recovery mode –>>Vol up+Home+power ကိုတွဲနှိပ်ပေးလိုက်ပါသူ့ဟာသူအော်တို Rooting ကိုလုပ်ဆောင်ပေးပါလိမ့်မယ်။
Rooting ပြီးလို့မှ CWM Recovery ထပ်ပြီးသွင်းခြင်သေးတယ်ဆိုရင်တော့အောက်မှထပ်ပြီးလေ့လာလိုက်ပါ။
===============================================
လိုအပ်တဲ့ဖိုင်များကိုအောက်မှာဒေါင်းလော့ရယူပါ။
CWMကို Odin ကိုအသုံးပြုပြီး Flash လုပ်ပေးရမှာပါ။Odin v.3.07 ကိုပဲအသုံးပြုပြီး Download Mode –>.Vol Down+Home+Power ကိုတွဲနှိပ်ပြီးဝင်ပေးလိုက်ပါ စက်ရုပ်ပုံလေးနှင့်တြိဂံပုံလေးတတ်လာပြီဆိုရင် Vol Up ကိုတချက်နှိပ်ပေးလိုက်ပါ။အဲ့ဒါဆိုရင် Download Mode  ဝင်ပြီးသားဖြစ်သွားပါပြီ။ပြီးလျှင် Odin ရဲ့PDA မှာထဲ့ပြီး Start လုပ်ပေးလိုက်ယုံပါပဲ။Odin မှာ PASS ပြပြီးဖုန်းက Reboot ကျပြီး ပြန်တက်လာပြီဆိုရင် မိမိဖုန်းမှာ CWM Recovery သွင်းပြီးသားဖြစ်သွားပါပြီ။Recovery Mode–>> Vol Up+Home+Power ကိုတွဲနှိပ်ပြီးစစ်ကြည့်လိုက်ပါ။
အားလုံးပဲ အဆင်ပြေကြပါစေ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...