Thursday, May 9, 2013

Android Clone ဖုန်း (MT6577/MTK 6577 Android Devices) များကို Root လုပ်နည်း



Clone Android ဖုန်း/Tablet တွေနဲ့ တရုတ်ထုတ်ဖုန်း/Tablet တစ်ချို့ဟာ MTK Chipset များကိုအသုံးပြုထားတာကြောင့် MTK based Android Devices များကို သာမန် Root tools တွေနဲ့ root လုပ်လို့မရတတ်ပါဘူး ။ Clone ဖုန်းဆိုတာကတော့ ဥပမာပေးပြောရရင် Samsung Galaxy S3 တို့ Note 2 တို့လိုဖုန်းတွေကို တရုတ်ဖုန်းတွေကပုံစံတူ Android versionတူ လိုက်တုထုတ်ထားတဲ့ဖုန်းမျိုးတွေပါ။ Myanmar Mobile App က Mobile Users များကို Android Clone ဖုန်း (MT6577/MTK 6577 Android Devices) များကို Root လုပ်နည်းအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
MTK Android Device ဆိုတာဘာမှန်းမသိသေးရင်တော့ =>ဒီနေရာမှာ <= ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
အခုစမ်းသပ်မိသလောက် mtk based android ဖုန်းတွေအရဆိုရင် Binary 4 root tool နဲ့ ဒီ Android Clone ဖုန်း/Tablet (MTK Based Android Devices) များကို Root လုပ်နိုင်တာကိုတွေ့ရပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Binary 4 root ဟာဆိုရင် အောက်ပါ list ထဲက Android Clone ဖုန်းတွေကို root လုပ်နိုင်တာကိုတွေ့ရပါတယ်။

အပေါ်မှာမပါသေးတဲ့ Android Clone ဖုန်း/Tablet တစ်ချို့နဲ့ တရုတ်ထုတ်ဖုန်း/tablet တွေကိုလည်း အခုပြောမယ့်နည်းနဲ့ root လုပ်လို့ရနိုင်ပါတယ်။
ကဲ…. ဒါဆိုရင် root လုပ်ကြည့်ရအောင်ဗျာ။
-ပထမဆုံး ဖုန်းရဲ့ Setting> Developer Options > USB Debugging ကိုအမှန်ခြစ်ပေး /Enabled လုပ်ထားပါ။
-နောက်တစ်ဆင့်အနေနဲ့ MTK Android Phone Driver ကိုကွန်ပျူတာမှာသွင်းထားရပါမယ်။ MTK Android Phone Driver ကိုအောက်က link ကနေရယူပါ။

Mirror link: MT6577/MTK 6577 Android Driver Download

Download ရယူပြီးပြီဆိုရင်တော့ MTK Driver ကိုကွန်ပျူတာမှာ install လုပ်ပါ။
-ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုချိတ်ဆက်ပါ။
-ပြီးရင် Root လုပ်ဖို့လိုအပ်တဲ့ အဓိက tool ဖြစ်တဲ့ Binary 4 root tool ကိုအောက်က link မှာရယူပါ။

Binary 4 root tool အားရယူရန်
- Binary 4 root tool ကိုရယူပြီးပြီဆိုရင်တော့ ဇစ်ဖိုင်လေးကိုဖြည်ထားပြီးအတွင်းက RunMe.bat ဖိုင်လေးကို run လိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာပါမယ်။





-နံပါတ်(၁) Normal ကိုရွေးပေးရမှာဖြစ်တဲ့အတွက် ကီးဘုတ်ပေါ်က 1 ကိုနှိပ်ပြီး enter ခေါက်လိုက်ပါ။ ဒါဆိုရင် Binary 4 root program က ဖုန်းနဲ့ချိတ်ဆက်ပြီး rooting process ကိုစတင်လုပ်ဆောင်နေပါမယ်။

-ပြီးရင် ဖုန်းကိုကြည့်လိုက်ပါ။ Full Restore ဆိုတဲ့ကဏ္ဍထဲကိုရောက်နေပါလိမ့်မယ်။ အဲဒီကျရင် တခြားဘယ်ခလုတ်ကိုမှမနှိပ်ပါနဲ့ ။ Restore My Data ကိုပဲနှိပ်လိုက်ပါ။ အောာက်ပုံအတိုင်းပါ။





ခဏအကြာမှာ ဖုန်းက auto reboot ကျသွားပါမယ်။ ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင် ဖုန်းရဲ့ All Application ထဲကိုဝင်ကြည့်လိုက်ပါ။ SuperSU ဆိုတဲ့ application လေးရှိနေပြီဆိုရင် ဖုန်းက root process အောင်မြင်သွားပြီဖြစ်ပါတယ်။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...