Monday, May 13, 2013

Samsung Galaxy Grand (GT-I9082) အား မ Root ပဲ မြန်မာဖောင့်ထည့်နည်း

အရင်ဆုံး လိုအပ်တာလေးတွေ ဒေါင်းပါ
Odin (For Samsung)
http://www.mediafire.com/?yhak82qwccf3ych
Galaxy Grand (for Touch Recovery)
http://www.mediafire.com/?76v7f4a367dwoc1
MM Font & Keyboard (Build In System)
http://www.mediafire.com/?bfow8p96a6nb985
လိုအပ်တာတွေ ဒေါင်းပြီးပြီ ဆိုရင်တော့ ဖုန်းကို လိုအပ်တာတွေ Back up လုပ်ထားလိုက်ပါ အစိုးမရတဲ့ စက်ပစ္စည်းတွေ ရဲ့ ထုံးစံကြောင့် သင့် Data တွေ ရရှိနိုင်ဖို့ Backup လုပ်ထားတာ အကောင်းဆုံးပါပဲ။
ဖုန်းအား Recovery သွင်းဖို့ မစခင် ဖုန်းဟာ ဘတ်ထရီ အနည်းဆုံး Level 75% ရှိနေရပါမယ် (သတိပြုပါ)
ကဲ အားလုံးပြီးပြီဆိုရင် လုပ်ငန်းစပါမယ်…
၁။ ပထမဆုံးအနေနဲ့ ဖုန်းအား ပါဝါပိတ်လိုက်ပါ ပြီးလျင် ငါးစက္ကန့်ကြာပြီးလျင်
Volume Down + Power + Home buttons
တွဲ နှိပ်ထားလိုက်ပါ။
အပေါ်ပုံပါအတိုင်း နှိပ်ပြီးလျင် Download Mode ပေါ်လာပါမယ်
Volume Up
ကိုနှိပ်ပြီး Download Mode ၀င်ကြောင်း အတည်ပြုပေးပါ
၂။ ယခုဆိုလျင် ကွန်ပြုတာဖြင့် ချိတ်ဆက်၍ ရနိုင်ပါပြီ
ကွန်ပြုတာဖြင့် မချိတ်ဆက်ခင် ကွန်ပြုတာမှာ လုပ်စရာရှိတာလေးတွေ
 အရင်လုပ်ထားကြရအောင်…
အရင်ဆုံး Odin.exe အား ဖွင့်လိုက်ပါ။
အထက်ပါ ပုံအတိုင်း Odin ပေါ်လာပါမယ် ကြိုးထိုးလိုက်ပါ ကြိုးထိုးလိုက်လျင်
ပထမ အကွက်လေးမှာ မီးပြာလေး လင်းလာပါမယ် ဒါဆိုရင် Mobile Device အား ကွန်ပြုတာမှ အသိအမှတ်ပြုလိုကပါပြီ စတငပြီး Recovery ရေးပါတော့မယ်…
၃။ အထပ်ပါပုံအတိုင်းပင် PDA မှ တဆင့် မိမိဒေါင်းထားသော CWM-touch_i9082_chotu.tar.md5  
အား သွားရွေးပေးလိုက်ပါ ပုံပါအတိုင်း PDA မှာ ၀င်သွားပြီဆိုရင်
Auto Reboot နှင့် F.Reset Time နှစ်ခုအား အမှန်ခြစ်ကာ
Start ကို နှိပ်ပေးပါ။

အထက်ပါ ပုံစံအတိုင်း သူ့အလိုလို ရေးသွားပါမယ်
Odin မှာ Pass! ဆိုပြီး အစိမ်ရောင် အကွက်လေး ပေါ်နေပြီဆိုရင် ကြိုးဖြုတ်လို့ရပါပြီ။
၎။ ပါဝါပွင့်လာတဲ့ ဖုန်းကို ပါဝါပြန်ပိတ်ပါ
ပြီးလျင် ဒေါင်းလုပါ ဆွဲထားတဲ့ MM Font & Keyboard.zip ဖိုင်လေးအား
SD Card ထဲသို့ ထည့်ပြီး ထို SD Card အား ဖုန်းထဲသို့ ထည့်ထားလိုက်ပါ။
၅။ ခုဆိုရင် ထည့်ထားတဲ့ MM Font & Keyboard အား Install လုပ်ဖို့အတွက်
Recovery Mode ခေါ်ပါမယ်
Volume Up + Power + Home buttons
များ ပေါင်းနှိပ်ထားပါ
Recovery Menu တက်လာပါမယ်။
အထက်ပါ ပုံစံအတိုင်း တက်လာလျင် Recover Menu (CWM) ၀င်သွားပြီဖြစ်လို့
မိမိ ထည့်ထားတဲ့ MM Font & Keyboard.zip အား
Install Zip From SD Card မှ တဆင့် ရှာဖွေကာ Install လုပ်ပေးလိုက်ပါ
Touch Recovery ဖြစ်တာကြောင့် လက်ဖြင့် တို့ထိပြီး ပြုလုပ်နိုင်ပါတယ်။
အားလုံး ပြီးရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ
ပါဝါပြန်တက်လာရင် မြန်မာစာ နဲ့ ကီးဘုတ် အော်တိုပါနေတာကို မြင်ရမှာဖြစ်ပါတယ်..
အားလုံးအဆင်ပြေနိုင်ကြပါစေ…
သစ်ဆန်းခန့်
mr.thitsankhant@gmail.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...